Sunday, September 2, 2018

Rubyသင္ခန္းစာ(၂)

Editing and Running Ruby

Unicode

စာရှုသူများ Ruby ကို Install လုပ်ပြီးပြီဟုယူဆပါသည်။ သို့မဟုတ်ပါက၊ အဖွင့် အခန်းကို ဖတ်ရှု၍ Install လုပ်ကြပါကုန်။

ယခု အခန်းတွင် Text File manipulation ကို ရေးသားရန် ရည်ရွယ်သော်လည်း၊ Ruby ရေးသားရာတွင် မဖြစ်မနေ၊ ထပ်မံတလဲလဲ လုပ်ကိုင်
ရမည့် အဆင့်များကို ရင်းနှီးစေရန်နှင့်၊ ၄င်းတို့ကို အချိန်အသက်သာဆုံးလုပ်ကိုင်နိုင်စေရန်၊ ယခု အခန်းကို ရေးသားလိုက်ပါသည်။
ရေရှည်တွင်လည်း အကြိုးရှိမည်ဟု ယူဆပါသည်။
၁။ ။ Ruby ဖိုင်တစ်ခု ဖန်တီးခြင်း
Ruby ကို install လုပ်ပြီးပါက Windows ၏ right click menu ရှိ New menu အောက်တွင် ဖော်ပြပါ (Figure 1) ကဲ့သို့
Ruby Program ဟု Menu အသစ်ရောက်ရှိလာပါသည်။ ၄င်း ကို အသုံးပြု၍ Ruby ဖိုင်တစ်ခု ဖန်တီးနိုင်ပါသည်။
Notepad ကဲ့သို့ ရိုးရှင်းသော text editor ကိုသုံးလျက် ဖိုင်ကို .rb နှင့် သိမ်းဆည်း၍လည်း ဖန်တီးနိုင်ပါသည်။
Ruby installation နှင့် အတူပါလာသော SciTE editor ကိုသုံး၍လည်း ဖိုင်ကို .rb extension နှင့်သိမ်းဆည်း၍လည်းဖန်တီးနိုင်ပါသည်။
၂။ ။ Ruby Editor
Programming ရေးရာတွင် Syntax Highlighting ပါသော Editor ကိုသုံးမှသာ အလုပ်တွင်ကျယ်ပေသည်။
Editor တိုင်းတွင် အားသာချက်များ၊ အားနက်ချက်များရှိကြသကဲ့သို့၊ programmer ၏ စိတ်ကြိုက် Editor များလည်း ကွာခြားနိုင်ပေသည်။
ယခု သင်ခန်းစာများ အတွက်မူ၊ Ruby နှင့်တွဲပါလာသော SciTE editor ကို စံထား၍ အသုံးချရေးသားဖော်ပြပါသည်။
မည်သည့် Editor ကိုသုံးသုံး၊ အကြံပြုလိုသည်မှာ အောက်ပါ သတ္တိများပါသော text editor ကိုရွေးချယ်အသုံးပြုစေလိုပါသည်။
1. Syntax Highlighting
2. Line Number
3. Code Fold
4. Shortcuts for ease of editing
5. Multiple File view (tabbed view)
အောက်ဖော်ပြပါ (Figure 2) တွင် SciTE editor မှ Feature များကို ဖော်ပြထားပါသည်။

SciTE editor သည် များစွာသော programming language များ၏ syntax ကို highlight လုပ်နိုင်ပါသည်။
Save မလုပ်ရသေးသော ဖိုင်ကို * နှင့်ဖော်ပြပြီး၊ တစ်ခုထက်ပိုသော ဖိုင်များကို လည်း တပြိုင်နက် edit လုပ်နိုင်ပါသည်။
Line Number နှင့် Code Fold တို့သည် ရှည်လျားသော program ဖိုင်ကို editor လုပ်ရာတွင် အလွန် အသုံးဝင်ပါသည်။
SciTE တွင်ပါသော quick run window ကို သုံး၍ F5 ကို နှိပ်ပြီး လက်ရှိ ရေးသားနေသော ruby program ကိ်ု run နိုင်ပါသည်။
SciTE editor တွင် အလွန်အသုံးဝင်သော Short cut များပါ၀င်ပါသည်။ ၄င်းတို့ကို အလျဉ်းသင့်သလို့ သင်ခန်းစာများနှင့်အတူ
ရေးသားဖော်ပြသွားပါမည်။
၃။ ။ Ruby ကို ဘယ်လို Run မလဲ
Ruby သည် scripting language ဖြစ်သဖြင့် Ruby intepreter နှင့် run ရပါသည်။
ဥပမာ test.rb သည် C:\ အောက်တွင်ရှိသည် ဆိုကြပါစို့။
Windows command line မှ တစ်ဆင့် ruby test.rb ဟု ရိုက်ထည့်ပြီး Enter ခေါက်ပြီး test.rb ကို run နိုင်ပါသည်။
ruby.exe (ruby interpreter) သည် System Path ထဲတွင် ရှိပြီးဖြစ်သဖြင့် ruby ကိုချန်လှပ်ကာ test.rb ဟုသာ ရိုက်ပြီးလည်း
run နိုင်ပါသည်။ ထို့ပြင် ruby ဖိုင်ကို double click လုပ်ခြင်းဖြင့်လညး် ပြီးမြောက်စေနိုင်ပါသည်။

၄။ ။ Basic Input, Output (အခြေခံ အသွင်း၊ အထုတ်)
Ruby program တွင် တစ်ခါတစ်ရံ မိမိ ပေးသွင်းလိုသော အချက်အလက်များကို command line မှတစ်ဆင့်ပေးသွင်းနိုင်သည်။
ဥပမာ test.rb “AOK” ဟုရိုက်လိုက်ပါက အောက်ပါ Figure 4 အတိုင်းတွေ့ရပေမည်။ test နေရာတွင် AOK ၀င်ရောက်လာသည်ကို သတိချပ်ပါ။

၄င်းနည်းဖြင့် အချက်အလက်များကို Ruby ဖိုင်ထဲတွင် အသေမရေးထည့်ဘဲ၊ ပေးသွင်းနိုင်ပါသည်။
Figure 4 တွင်ဖော်ပြသော ruby မှရေးထုတ်လိုက်သည့် စာကြောင်းများကို ယခုကဲ့သို့ command line တွင်ကြည့်ရှုနိုင်သော်လည်း
စာကြောင်းပေါင်း ရာထောင်ချီလာသော အခါ command line သည် စာကြောင်းအားလုံးကို မဖော်ပြနိုင်တော့ပေ။
ထိုကြောင့် အောက်ပါ command line အခြေခံကိုသုံးကာ ruby မှ output စာကြောင်းများကို မိမိ စိတ်ကြိုက် text file တွင် ထည့်သွင်းနိုင်ပါသည်။


test.rb > output.txt သည် output.txt text file ကို ဖန်တီးပြီး ruby မှ output များကို ထည့်သွင်းသိမ်းဆည်းလိုက်ပေသည်။
ထို့ကြောင်း command line တွင် မည်သည့်စာမှမပေါ်တော့ပေ။ ယခုဖော်ပြပါ၊ သတ္တိမှာ ruby ၏စွမ်းပကား မဟုတ်ပေ။ command line
တွင်ပါ၀င်သော စွမ်းပကားသာဖြစ်ပါသည်။
test.rb ကို Server ပေါ်မှ ဆွဲချကာ စမ်းသပ်ကြည့်စေလိုပါသည်။ လတ်တလောတွင်မူ test.rb တွင်ပါ၀င်သော code များကို ဂရုပြုစရာမလိုပေ။
နောက်ပိုင်းတွင် test.rb မှ code များကို ရှင်းလင်းလွယ်ကူစွာနားလည်း လာနိုင်ပေမည်။
သင်ခန်းစာ ၂ တွင်Ruby ကိုသုံးကာ text file များကို ဖွင့်ခြင်း၊ ရှာဖွေခြင်းနှင့် ပြုပြင်ခြင်း၊ ပြန်လည် သိမ်းဆည်းခြင်းများကို ရေးသားဖော်ပြပါမည်။
နောက်သင်ခန်းစာမှစ၍ စာနည်းနည်း များလာမည့်ပြင်၊ ခပ်သွက်သွက်နှင့် အကြောင်းအရာ
များများကို၊ ဥပမာ ပြဿနာများအခြေခံကာ ဖော်ပြပါမည်။ ဆိုလိုရင်းမှာ၊ သင်ခန်းစာများသည်
ပြဿနာ ဖြေရှင်းရေး ကို ဦးတည်၍၊ ruby အခြေခံများကို အလျဥး်သင့်သလိုဖော်ပြမည်ဖြစ်ရာ၊ အခြား programming စာအုပ်များနှင့် ပုံစံကွဲပြားမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်ခန်းစာ အဆုံးတွင် အကြံပြုသည့် ဖတ်စာများကို
ဖတ်ရှုခြင်းဖြင့် စုံလင် စေ့င စွာသိရှိရန်ကြိုးစားစေလိုပါသည်။
test.rb

# Just Save this content in test.rb
def test_definition
value = ARGV[0]
value = ‘test’ if value.nil?
puts “this is #{value}”
#This is a loop
(0..2).each do
end
#This is another loop
(0..2).each do
puts ‘Another loop’
end
puts “that’s it!”
end
test_definition
သင္ခန္းစာ(၃)ဆက္ရန္

Zawgyi

Editing and Running Ruby

စာရႈသူမ်ား Ruby ကို Install လုပ္ၿပီးၿပီဟုယူဆပါသည္။ သို႔မဟုတ္ပါက၊ အဖြင့္ အခန္းကို ဖတ္ရႈ၍ Install လုပ္ၾကပါကုန္။
ယခု အခန္းတြင္ Text File manipulation ကို ေရးသားရန္ ရည္႐ြယ္ေသာ္လည္း၊ Ruby ေရးသားရာတြင္ မျဖစ္မေန၊ ထပ္မံတလဲလဲ လုပ္ကိုင္
ရမည့္ အဆင့္မ်ားကို ရင္းႏွီးေစရန္ႏွင့္၊ ၄င္းတို႔ကို အခ်ိန္အသက္သာဆုံးလုပ္ကိုင္နိုင္ေစရန္၊ ယခု အခန္းကို ေရးသားလိုက္ပါသည္။
ေရရွည္တြင္လည္း အႀကိဳးရွိမည္ဟု ယူဆပါသည္။

၁။ ။ Ruby ဖိုင္တစ္ခု ဖန္တီးျခင္း

Ruby ကို install လုပ္ၿပီးပါက Windows ၏ right click menu ရွိ New menu ေအာက္တြင္ ေဖာ္ျပပါ (Figure 1) ကဲ့သို႔
Ruby Program ဟု Menu အသစ္ေရာက္ရွိလာပါသည္။ ၄င္း ကို အသုံးျပဳ၍ Ruby ဖိုင္တစ္ခု ဖန္တီးနိုင္ပါသည္။




Notepad ကဲ့သို႔ ရိုးရွင္းေသာ text editor ကိုသုံးလ်က္ ဖိုင္ကို .rb ႏွင့္ သိမ္းဆည္း၍လည္း ဖန္တီးနိုင္ပါသည္။
Ruby installation ႏွင့္ အတူပါလာေသာ SciTE editor ကိုသုံး၍လည္း ဖိုင္ကို .rb extension ႏွင့္သိမ္းဆည္း၍လည္းဖန္တီးနိုင္ပါသည္။

၂။ ။ Ruby Editor

Programming ေရးရာတြင္ Syntax Highlighting ပါေသာ Editor ကိုသုံးမွသာ အလုပ္တြင္က်ယ္ေပသည္။
Editor တိုင္းတြင္ အားသာခ်က္မ်ား၊ အားနက္ခ်က္မ်ားရွိၾကသကဲ့သို႔၊ programmer ၏ စိတ္ႀကိဳက္ Editor မ်ားလည္း ကြာျခားနိုင္ေပသည္။
ယခု သင္ခန္းစာမ်ား အတြက္မူ၊ Ruby ႏွင့္တြဲပါလာေသာ SciTE editor ကို စံထား၍ အသုံးခ်ေရးသားေဖာ္ျပပါသည္။

မည္သည့္ Editor ကိုသုံးသုံး၊ အႀကံျပဳလိုသည္မွာ ေအာက္ပါ သတၱိမ်ားပါေသာ text editor ကိုေ႐ြးခ်ယ္အသုံးျပဳေစလိုပါသည္။

1. Syntax Highlighting
2. Line Number
3. Code Fold
4. Shortcuts for ease of editing
5. Multiple File view (tabbed view)

ေအာက္ေဖာ္ျပပါ (Figure 2) တြင္ SciTE editor မွ Feature မ်ားကို ေဖာ္ျပထားပါသည္။



[Figure 2]
SciTE editor သည္ မ်ားစြာေသာ programming language မ်ား၏ syntax ကို highlight လုပ္နိုင္ပါသည္။
Save မလုပ္ရေသးေသာ ဖိုင္ကို * ႏွင့္ေဖာ္ျပၿပီး၊ တစ္ခုထက္ပိုေသာ ဖိုင္မ်ားကို လည္း တၿပိဳင္နက္ edit လုပ္နိုင္ပါသည္။
Line Number ႏွင့္ Code Fold တို႔သည္ ရွည္လ်ားေသာ program ဖိုင္ကို editor လုပ္ရာတြင္ အလြန္ အသုံးဝင္ပါသည္။
SciTE တြင္ပါေသာ quick run window ကို သုံး၍ F5 ကို ႏွိပ္ၿပီး လက္ရွိ ေရးသားေနေသာ ruby program ကိ္ု run နိုင္ပါသည္။

SciTE editor တြင္ အလြန္အသုံးဝင္ေသာ Short cut မ်ားပါ၀င္ပါသည္။ ၄င္းတို႔ကို အလ်ဥ္းသင့္သလို႔ သင္ခန္းစာမ်ားႏွင့္အတူ
ေရးသားေဖာ္ျပသြားပါမည္။

၃။ ။ Ruby ကို ဘယ္လို Run မလဲ
Ruby သည္ scripting language ျဖစ္သျဖင့္ Ruby intepreter ႏွင့္ run ရပါသည္။

ဥပမာ test.rb သည္ C:\ ေအာက္တြင္ရွိသည္ ဆိုၾကပါစို႔။
Windows command line မွ တစ္ဆင့္ ruby test.rb ဟု ရိုက္ထည့္ၿပီး Enter ေခါက္ၿပီး test.rb ကို run နိုင္ပါသည္။
ruby.exe (ruby interpreter) သည္ System Path ထဲတြင္ ရွိၿပီးျဖစ္သျဖင့္ ruby ကိုခ်န္လွပ္ကာ test.rb ဟုသာ ရိုက္ၿပီးလည္း
run နိုင္ပါသည္။ ထို႔ျပင္ ruby ဖိုင္ကို double click လုပ္ျခင္းျဖင့္လညး္ ၿပီးေျမာက္ေစနိုင္ပါသည္။





၄။ ။ Basic Input, Output (အေျခခံ အသြင္း၊ အထုတ္)

Ruby program တြင္ တစ္ခါတစ္ရံ မိမိ ေပးသြင္းလိုေသာ အခ်က္အလက္မ်ားကို command line မွတစ္ဆင့္ေပးသြင္းနိုင္သည္။
ဥပမာ test.rb “AOK” ဟုရိုက္လိုက္ပါက ေအာက္ပါ Figure 4 အတိုင္းေတြ႕ရေပမည္။ test ေနရာတြင္ AOK ၀င္ေရာက္လာသည္ကို သတိခ်ပ္ပါ။




၄င္းနည္းျဖင့္ အခ်က္အလက္မ်ားကို Ruby ဖိုင္ထဲတြင္ အေသမေရးထည့္ဘဲ၊ ေပးသြင္းနိုင္ပါသည္။
ruby မွေရးထုတ္လိုက္သည့္ စာေၾကာင္းမ်ားကို ယခုကဲ့သို႔ command line တြင္ၾကည့္ရႈနိုင္ေသာ္လည္း
စာေၾကာင္းေပါင္း ရာေထာင္ခ်ီလာေသာ အခါ command line သည္ စာေၾကာင္းအားလုံးကို မေဖာ္ျပနိုင္ေတာ့ေပ။
ထိုေၾကာင့္ ေအာက္ပါ command line အေျခခံကိုသုံးကာ ruby မွ output စာေၾကာင္းမ်ားကို မိမိ စိတ္ႀကိဳက္ text file တြင္ ထည့္သြင္းနိုင္ပါသည္။

test.rb > output.txt သည္ output.txt text file ကို ဖန္တီးၿပီး ruby မွ output မ်ားကို ထည့္သြင္းသိမ္းဆည္းလိုက္ေပသည္။
ထို႔ေၾကာင္း command line တြင္ မည္သည့္စာမွမေပၚေတာ့ေပ။ ယခုေဖာ္ျပပါ၊ သတၱိမွာ ruby ၏စြမ္းပကား မဟုတ္ေပ။ command line
တြင္ပါ၀င္ေသာ စြမ္းပကားသာျဖစ္ပါသည္။

test.rb ကို Server ေပၚမွ ဆြဲခ်ကာ စမ္းသပ္ၾကည့္ေစလိုပါသည္။ လတ္တေလာတြင္မူ test.rb တြင္ပါ၀င္ေသာ code မ်ားကို ဂ႐ုျပဳစရာမလိုေပ။
ေနာက္ပိုင္းတြင္ test.rb မွ code မ်ားကို ရွင္းလင္းလြယ္ကူစြာနားလည္း လာနိုင္ေပမည္။

သင္ခန္းစာ ၂ တြင္Ruby ကိုသုံးကာ text file မ်ားကို ဖြင့္ျခင္း၊ ရွာေဖြျခင္းႏွင့္ ျပဳျပင္ျခင္း၊ ျပန္လည္ သိမ္းဆည္းျခင္းမ်ားကို ေရးသားေဖာ္ျပပါမည္။

ေနာက္သင္ခန္းစာမွစ၍ စာနည္းနည္း မ်ားလာမည့္ျပင္၊ ခပ္သြက္သြက္ႏွင့္ အေၾကာင္းအရာ
မ်ားမ်ားကို၊ ဥပမာ ျပႆနာမ်ားအေျခခံကာ ေဖာ္ျပပါမည္။ ဆိုလိုရင္းမွာ၊ သင္ခန္းစာမ်ားသည္
ျပႆနာ ေျဖရွင္းေရး ကို ဦးတည္၍၊ ruby အေျခခံမ်ားကို အလ်ဥး္သင့္သလိုေဖာ္ျပမည္ျဖစ္ရာ၊ အျခား programming စာအုပ္မ်ားႏွင့္ ပုံစံကြဲျပားမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ သင္ခန္းစာ အဆုံးတြင္ အႀကံျပဳသည့္ ဖတ္စာမ်ားကို
ဖတ္ရႈျခင္းျဖင့္ စုံလင္ ေစ့င စြာသိရွိရန္ႀကိဳးစားေစလိုပါသည္။

test.rb

# Just Save this content in test.rb
def test_definition

value = ARGV[0]
value = ‘test’ if value.nil?
puts “this is #{value}”

#This is a loop
(0..2).each do
end

#This is another loop
(0..2).each do
puts ‘Another loop’
end

puts “that’s it!”
end

test_definition

သင္ခန္းစာ(3)ဆက္ရန္

0 comments:

Post a Comment