Sunday, September 2, 2018

Ruby Programming အပိုင္း(၁)

Unicode

အသုံးချ Ruby
ကျွန်ုပ်ကိုယ်တိုင် Ruby အပါအဝင် အခြားprogramming language များကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသူမဟုတ်ပါ။ကိုယ်သိသလောက်၊ မှတ်သလောက်၊ တတ်သလောက် နှင့် ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်ကို ညှိနှိုင်း ခြင့်ချိန် ရေးသားပါသည်။ ထို့ကြောင့် အမှားပါရင်ခွင့်လွှတ်ဖို့ စကား ပလ္လင် ခံရပါသည်။

ကျွန်ုပ်သည် စာရေးဆရာ တစ်ယောက်လည်းမဟုတ်သဖြင့် ရေးသားပုံ ည့ံဖျင်းလျှင်လည်း ပွင့်လင်းစွာဝေဖန် အကြံပေးနိုင်ပါသည်။ သင်ခန်းစာပါ အကြောင်းအရာများ၊ အရေးအသား များကို၊ စာရှုသူများ၏တုံ့ပြန်မှုပေါ်မူတည်၍၊ ဆက်တိုက် ပြုပြင်၊ မွမ်းမံ ရေးသား သွားမည်ဖြစ်ပါ၍အဖက်ဖက် မှ ကောင်းမွန်စေရန်၊ စာရှုသူများ၏ ကိုယ်တိုင် ပါ၀င်၊ ဝေဖန်အကြံပေးမှု များ အထူးလိုအပ်ပါသည်။
သင်ခန်းစာပါအကြောင်းအရာများတွင်၊ အမှားပါလျှင်၊ မှီငြမ်းသောစာအုပ်များ၊ ကျွနု်ပ်၏သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ ၏ အမှားမဟုတ်ဘဲ၊ စာရေးသားစီစဉ်သူ ကျွနု်ပ်၏ညံ့ဖျင်းမှုကြောင့်သာဟု မှတ်ယူ ကြစေလိုပါသည်။
၁.၂ ရည်ရွယ်သူ စာဖတ် ပရိတ်သတ်များ။သင်ခန်းစာများသည်Programming တတ်ကျွမ်းပြီးသူများ ကိုချန်လှပ်၍ တစ်ခါမှ computerprogramming နှင့် မထိတွေ့ မသင်ကြားဖူးသူများအတွက် ရည်ရွယ်ပါသည်။ Rubylanguage ကို လေ့လာလိုသူ၊ Programmer များအနေဖြင့် တစ်ခြား စာအုပ်များကိုသာဖတ်ရှုကြစေလိုပါသည်။ ထိုသူများ အဖို့ ယခု သင်ခန်းစာများမှာလွယ်ကူလွန်းနေနိုင်ပေသည်။
ရည်ရွယ်ရင်းမှာ၊Computer Programming မသင်ကြားဖူးသေးသူများအား လွယ်ကူသော Ruby ကိုသုံး၍အခြေခံ သီဝရီများကို မိတ်ဆက်ပေးရန်၊ အခြေခံမှ တစ်ဆင့် မိမိဖာသာရှာဖွေလေ့လာနိုင်စေရန်၊ ခနတာ ပေးလိုက်သော အချိန်နှင့် တူညီသောတန်ဖိုးရှိသည့် အသုံးချမှုမျိုး လုပ်ဆောင်နိုင်ရန်။ Programmingနှင့်ဆိုင်ရာ အခြေခံ၊ အသုံးအနှုန်း များနှင့်ရင်းနှီးကာ အခြား ProgrammingLanguage များကိုလွယ်ကူစွာ ဆက်လက် လေ့လာနိုင်စေရန် တို့ဖြစ်ပါသည်။
Rubyရဲ့ အစွမ်းကို မိမိ နေ့စဉ် လုပ်နေကျ အလုပ်တွေထဲ မှာ ထည့်သွင်းအသုံးချလို့ရစေဖို့ ကိုလည်း အဓိက ထားကာ သင်ခန်းစာများကို စီစဉ်ထားပါသည်။
၁.၃ သင်ခန်းစာ ဖွဲ့စည်းပုံ။သင်ခန်းစာများတွင်သီဝရီ များကိုသာ ရေးသားဖော်ပြခြင်းထက်၊ လက်တွေ့ အသုံးချ မှုကို ဦးတည်ရေးသားပါသည်။ သို့သော် လက်တွေ့ မလုပ်ဆောင်မီ သိသင့်သည့် သီဝရီ အနည်းငယ်ကိုကားချပြရပေသည်။ ထို့နောက်၊ လက်တွေ့ တစ်ဆင့်ပြီး တစ်ဆင့် စမ်းသပ်မှုများကိုပြသ ရှင်းပြပါမည်။ (သင်ခန်းစာပါ Ruby Code များကို ကူးယူ ခြင်းထက်၊မိမိကိုယ်တိုင် လက်တွေ့ ရေးသား စေလိုပါသည်။) စာရေးကျွမ်းကျင် လိုလျှင်များများ ရေးပေး၊ စက်ဘီးစီကျွမ်းကျင်လိုလျှင် များများ စီးကျင့်ရသလို၊programming တတ်လိုလျှင် လည်း များများ ရေးသား စမ်းသပ် မှုများလိုအပ်ပါသည်။
သင်ခန်းစာ တစ်ခုစီ အပြီး တွင်၊အလျင်းသင့်သလို၊ အိမ်စာ လေ့ကျင့်ခန်းငယ်များ ပေးပါမည်။ ၄င်းမှာလည်း၊ကျွန်ုပ် ရှာဖွေ ကြံဆနိုင်မှုတွင် မူတည်သဖြင့်၊ လေ့ကျင့်ခန်းမပေးနိုင်လျှင် လည်း မိမိဖာသာ ရှာဖွေ ကြံဆ လေ့ကျင့်ကြစေလိုပါသည်။နောက်ဆုံးပိုင်းတွင်၊ မိမိ ဖာသာ လေ့လာ ဖတ်ရှုသင့်သည့် Web Site များ၊စာအုပ်များကို ထည့်သွင်း ဖော်ပြ ထားသည်။ ဖော်ပြပါ Reference များသာမကမိမိဖာသာ လညး် လက်လှမ်းမီသလောက် ရှာဖွေ ဖတ်ရှုကြစေလိုပါသည်။
သင်ခန်းစာတစ်ခုခြင်းစီ ၏ ပမာဏ ကို ဖြစ်နိုင်သ၍ သီဝရီ ၅ မိနစ်ခန့်။ စမ်းသပ်ချိန် ၂၀မှ ၃၀ မိနစ်ခန့်။ လေ့ကျင့်ခန်းများနှင့် ဖတ်စာများမှာ မိမိအားရင် အားသလိုလိုက်နိုင် လျှင် လိုက်နိုင်သလို ဖတ်ရှုနိုင်ရန် ကန့်သတ်စီစဉ်ရေးသားထားပါသည်။
ရည်ရွယ်ရင်းမှာ ယခုလို မြန်မာဘာသာနှင့်ရေးသော သင်ခန်းစာများကို ဖတ်ရှုခြင်းအပြင်၊ မူရင်း လက်တွေ့ လောကတွင်ရေးသားဖလှယ်ကြသော Ruby လောက နှင့် ထိတွေ့စေရန်နှင့် အခြေခံသိသွားသောအခါ၊မိမိဖာသာ ရှာဖွေ ဖတ်ရှု တိုးတက်စေရန်ဖြစ်ပါသည်။
၁.၄ Ruby ဘယ်ကစ၊ ဘာကို ရည်ရွယ်၊ ဘာကောင်းလဲ။
Ruby ကို ဘယ်သူက ဘယ်အချိန်မှာ စတင် တီထွင် လိုက်သလဲ ကို ဒီနေရာမှာ ရှာဖွေ ဖတ်ရှုကြပါ။ http://www.ruby-lang.org/en/about/
Rubyရဲ့ ရည်ရွယ်ချက် ကို Web Site အများမှာ၊ အမျိုးမျိုး ဖွင့်ဆိုတာကိုတွေ့နိုင် ပါသည်။ ကျွနု်ပ်၏ ကိုယ်တွေ့၊ Ruby ကောင်းပုံလေးများမှာProgrammer ကို programming ရေးရန် ပျော်ရွှင်၊ အလုပ်တွင်စေတာရယ်ပဲဖြစ်ပါသည်။
Compile Language မဟုတ်တာကြောင့်၊ခုရေး ခု run ကြည့်လို့ရပါသည်။ ထို့ပြင် IRB (နောက်ပိုင်းတွင်အသေးစိတ်ရှင်းပြပါမည်) ရဲ့ အကူအညီကြောင့် Ruby code ကို ကိုယ့် Program ထဲထည့်မရေးခင်၊ စမ်းသပ်ကြည့်နိုင်ခြင်းကြောင့်၊ Coding Error ထက် ကိုယ့် ရဲ့Problem ကို အဓိကထား ရှင်းလင်းနိုင်တာကြောင့် Ruby ကိုချစ်ရပါသည်။
၁.၆ Ruby ကို Computer တွင် တပ်ဆင် ခြင်း။စာရှုသူအများစုဟာWindows အသုံးပြုကြတာမို့ Window အတွက် Install လုပ်ပုံကိုသာအဓိကထားပြောသွားပါမည်။ Linux သုံးသူများကတော့ နည်းပညာပိုင်း အတော်အတန်တီးခေါက်မိသူတွေဖြစ်တာမို့ အထွေအထူး ရှင်းမပြတော့ပါ။ ဘာ OS ပဲ သုံးသုံးRuby ကို ဒီနေရာ (http://www.ruby-lang.org/en/downloads/) မှာရယူနို်င်ပါသည်။ Windows အသုံးပြုသူများ အနေနဲ့ “Ruby on Windows”ခေါင်းစဉ်အောက်က “One Click Installer” ကို ရယူစေလိုပါတယ်။ ဒါဟာအလွယ်ဆုံးနဲ့ အရှင်းဆုံး Install လုပ်နည်းဖြစ်ပါသည်။
ယခုရေးသား နေချိန်မှာ One Click Installer တွင် Ruby version 1.8.6ပါ၀င်ပါတယ်။ နောက်ဆုံး စမ်းသပ်ဆဲကတော့ 1.9.0 ဖြစ်ပါတယ်။ One ClickInstaller ဟာ Microsoft Installer Package ဖြစ်လို့ လွယ်လင့်တကူ installလုပ်နိုင်ပါတယ်။ ဖြစ်နိုင်လျှင် Ruby ကို C:\Ruby အောက်မှာ ပဲ Installလုပ်စေချင်ပါတယ်။ ဘာ့ကြောင့်ဆို တစ်ချို့ Ruby ကို သုံးတဲ့ applicationတွေမှာ Ruby ရဲ့ location ကို C:\Ruby အောက်မှာ သွားရှာတတ်ကြလို့ပါ။
Ruby ကို install လုပ်ပြီးပြီဆိုရင် (Start+R) ကို နှိပ်ပြီး “cmd” လို့ ရိုက်ထည့်လိုက်ပါ။ ပြီးလျှင် “ruby -v” ဟု ရိုက်ပြီး “Enter” ခေါက်လိုက်ပါ။
အောက်ဖော်ပြပါကဲ့သို့ install လုပ်ထားသော Ruby ၏ version number ပေါ်လာပြီဆိုလျှင် Rubyအား အောင်မြင်စွာ install လုပ်ပြီးပြီး ဖြစ်ကြောင်းမှတ်ယူနိုင်ပါသည်။
၁.၇ Command Line အခြေခံ။ကွန်ပြူတာအသုံး ချသူတိုင်း Command Line ကို သုံး တတ်သင့်ပါသည်။ Ruby ရေးမည့်Rubyist များအဖို့၊ မသိမဖြစ် သိသင့် သည့် အချက်အလက်အချို့ကိုရေးသားဖေါ်ပြလိုပါသည်။ ဒီနေရာတွင် Command Line သည် Windows Command Lineအကြောင်းကိုသာ ဖော်ပြပါမည်။
(Command Line အခြေ ခံ အကြောင်းကို သီးခြား သင်ခန်းစာ တစ်ခု အနေဖြင့် ရေးသားဖော်ပြပါမည်။)
၁.၈ Ruby Editorမည်သည့်programming language ကို ရေးသား ပြုပြင်သည်ဖြစ်စေ၊ editor တစ်ခုတော့လိုအပ်သည်ပင်။ Ruby ကို Edit လုပ်ရန် မည်သည့် editor ကို မဆိုသုံးနိုင်ပါသည်။ ယုတ်စွ အဆုံး windows တွင် ပါသော NotePad ကိုပင်အသုံးပြုနိုင်ပေသည်။ သို့သော် အကြံပြုလိုသည်မှာ အလုပ်တွင်ကျယ်စေရန် အတွက်၊အနည်းဆုံး syntext highlighting , find and replace နှင့် line numberဖော်ပြပေးနိုင်သော editor တစ်ခုခုကို ရွေးချယ်စေလိုပါသည်။
၁.၆ တွင်ဖော်ပြသော Ruby installation တွင် SciTE ဟူသည် free text editor တစ်ခုပါ၀င်ပါသည်။ NotePad++ သည်လည်း ကိရိယာ စုံလင်သော editorကောင်းတစ်ခုဖြစ်ပါသည်။ Ruby application အကြီးကြီးတစ်ခု ရေးလိုပါကIntegrated Development Environment ခေါ် editor အကြီးကြီး တစ်ခုကိုသုံးလျှင် ပိုကောင်းပါသည်။ ကျွန်ုပ် ကိုယ်တိုင် အနေဖြင့် မူ NetBeans 6.1ကို အသုံးပြုရန် အားပေးပါသည်။ NetBeans တွင် အထက် ဖော်ပြပါ၊ အခြေခံကိရိယာများ အပြင် အဆင့်မြင့် editing ကိရိယာများ (Auto Complete,Intellisense, Project management နှင့် Difference comparison စသည်ဖြင့်)ပါ၀င်ပါသည်။
သင်ခန်းစာများ လေ့ကျင့်ရန်အတွက်ကို ကား၊ SciTE, NotePad သို့မဟုတ် NotePad++ ကိုသာ အသုံးပြုကြရန်အကြံပြုလိုပါသည်။ သို့မှသာ၊ လက်ဖြစ် ရေးစွမ်းရည် တိုးတက်လာမည်ဖြစ်သည်။
၁.၉ အခြား Ruby နှင့်ပတ်သက် သည့် အကြောင်းများ။၁.၉.၁ Computer နှင့် Program လုံခြံုရေး။
Rubyသည် scripting language ဖြစ်သဖြင့်၊ code များကို၊ plain text file (.rb)များအဖြစ် သိမ်းဆည်းပါသည်။၊ မည်သူမဆို source code ကို ၀င်ရောက် ကြည့်ရှုပြုပြင်လို့ရသည်မို့၊ ကိုယ့် program code ထဲကို ဖျက်လိုဖျက်ဆီးလုပ်တဲ့code များ ၀င်ရေးလိုက်ရင်၊ မလိုလားအပ်တဲ့ ပြဿနာများဖြစ်ပေါ်စေနိုင်ပါသည်။ဥပမာ system ထဲ က အရေးကြီးတဲ့ ဖိုင် တစ်ချို့ ကိုဖျက်ပစ်တာမျိုးလုပ်နိုင်ပါသည်။
၁.၉.၂ Anti-Virus များနှင့် Ruby။
အထက်ကဆိုခဲ့ သလိုပင်၊ Ruby Library ထဲ က ဖိုင်အားလုံးဟာလည်း Plain Text fileတွေဖြစ်လို့ တစ်ခုကို တစ်ခု ခေါ်ယူ သုံးစွဲတဲ့ အခါမှာ Anti-Virusများကြောင့် လည်း ကိုယ့် program မြန်သင့်သလောက်မမြန်တာမျိုးလည်းကြံုရနိုင်ပါသည်။ အကြောင်းမှာ၊ အချို့သော Anti-Virusများသည် Computer ထဲမှ ဖိုင်တစ်ခုကို ဖွင့်တိုင်း၊ ဖွင့်သည့် program(process) ကို scan လုပ်လေ့ရှိသဖြင့် Ruby ကဲ့သို့ ဖိုင် များစွာ ကိုဖွင့်ယူ ခေါ်ဆောင် အသုံးပြုသည့် အပြုအမူမျိုး သည် ruby interpreter processအား (မလိုအပ်ဘဲ) အခါပေါင်းများစွာ scan လုပ်လေ့ရှိပါသည်။ ထိုသို့သောAnti-Virus အတွက်၊ .rb ဖိုင်အား ချွင်းချက် ပေးသည့် setting ကိုပြောင်းလဲထားရန်လိုပါသည်။
သို့သော်သတိပြုရန်မှာ ထိုသို့ချွင်းချက်ပေးထားပါက၊ Virus သိုမဟုတ် Trojan တစ်ခုခုက .rb ဖိုင်များကို ခေါ်ယူ သုံးစွဲခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပေ။
၁.၉.၃ Interactive RuBy သို့မဟုတ် IRB ။
Rubycode များကို အသေအချာ မရေးမီ၊ စမ်းသပ်လိုသည့် code အစိတ်အပိုင်းလေးများကို IRB ကိုသုံး ၍ စမ်းသပ်ကြည့်နိုင်ပါသည်။ မိမိဖြစ်စေလိုသော ပုံစံကဲ့သို အလုပ်လုပ်သည်ဆိုမှ ထို code ကို အမှန် တကယ်ရေးနေသော program ကြီးထဲကို ရေးထည့်ခြင်းဖြင့် အဓိက program အားမလိုလားအပ်သော၊ မသေချာသော စမ်းသပ်မှုမျိုး ပြုပြင်ခြင်းမျိုးမှာရှောင်ကျဉ်နိုင်ပါသည်။
IRB ကို သီးခြားခွဲမရေးတော့ဘဲ၊ သင်ခန်းစာများနှင့် တွဲလျက်အလျဉ်းသင့်သလိုရေးသားဖော်ပြပါမည်။ သို့မှသာ IRB အား မည်သို့ နေရာတွင်အသုံးချရသည်ကို လက်တွေ့ သိရှိ လေ့ကျင့်ပြီးသားဖြစ်ပေမည်။
၁.၉.၄ Ruby Documentation သို့မဟုတ် RI။
RIcommand သည် မိမိသိလိုသော Ruby နှင့် သက်ဆိုင်သည့် code များ အကြောင်းကို(documentation, help and info) ဖော်ပြပေးပါသည်။ RI ကို သုံး၍ဖန်တီးထားသောUser Interface ပါသည့် program မှာ FXRI ဖြစ်ပါသည်။ FXRI သည် Rubyinstallation နှင့်ပါ၀င်လျက်ရှိရာ Start menu အောက်တွင်ရှာဖွေဖွင့်ကြည့်နိုင်ပါသည်။
၁.၉.၅ Ruby GEMs (Ruby ရတနာခဲလေးများ)။
ပတ္တမြားတစ်လုံးတည်းလည်း လှသလို၊ ပတ္တမြား ကို တစ်ခြား ရောင်စုံ ကျောက်မျက်ရတနာလေးတွေ ရံတော့ ပို လှလာပါသည်။ အလားတူစွာ၊၊ Ruby နှင့် တွဲလျက်၊တစ်ခြား Gems လေးတွေကိုပါ တွဲသုံးခြင်းဖြင့် Rubyist တွေ အတွက် မိမိလုပ်လိုတဲ့ program တစ်ခုကို အချိန် တို အတွင်း လွယ်လွယ်ကူကူ ရေးနိုင်၊ပြီးစီးနိုင်ပါသည်။
Gem သည် ကြိုတင်ရေးသားထားသော Ruby program ငယ်လေးများဖြစ်ပါသည်။ Ruby programတစ်ခုရေးရာတွင် ကိုယ်နှင့် တိုက်ရိုက်မပတ်သက်သော function မျိုးတွေကိုကိုယ်တိုင် ရေးသားဖန်တီးမယ့် အစား၊ သူများ ရေးပြီးသား ruby code ကိုခေါ်ယူသုံးစွဲနိုင်ပါသည်။ ထိုသို့ သုံးစွဲရ လွယ်ကူစေရန် ရေးသားထားသော codeများကို .rb ဖိုင်တွေနဲ့ ဖြန့်ဝေမည့်အစား Gem အဖြစ် ထုတ်ပိုးပြီးဖြန့်ဝေခြင်းသည် Ruby သမားများ ရဲ့ ဓလေ့တစ်ခုဖြစ်ပါသည်။ Gem သည် Rubyinstallation နှင့် အတူ တွဲလျက်ပါပြီးဖြစ်ပါသည်။
Gem တစ်ခုကို သုံးချင်လျှင်၊ gem command ကိုသုံးကာ online မှ တိုက်ရိုက် install လုပ်နိုင်ပါသည်။
“gem -v” လို့ ရိုက်ပြီး “Enter” ခေါက်လိုက်ရင် လက်ရှိ install လုပ်ထားတဲ့ Gem version ကို ဖော်ပြပြီး။ “gem list” လို့ရိုက်လိုက်ရင် တော့ လက်ရှိ install လုပ်ထားတဲ့ Gems တွေကို list လုပ်ပြပါလိမ့်မယ်။
ယခု အဖွင့်ပိုင်းကို ဖတ်အပြီး တွင် စာရှုသူများ အနေဖြင့်၊ http://www.ruby-lang.org မှ Ruby ကို download လုပ်ကာ install လုပ်စေလိုပါသည်။
နောက် ဆက်လက် မည့် သင်ခန်းစာများတွင် Ruby အသုံးချနည်းကို ဖော်ပြမည် ဖြစ်သဖြင့် Ruby ကို မိမိစက်တွင် တပ်ဆင် ထားရန် လိုအပ်ပါသည်။
ကျေးဇူးအထူး တင်ရှိပါသည်။တင်ရှိပါသည်။

==========
Zawgyi

အသုံးခ် Ruby
 ကြၽန္ုပ္ကိုယ္တိုင္ Ruby အပါအဝင္ အျခားprogramming language မ်ားကို တစ္ဖက္ကမ္းခတ္ တတ္ကြၽမ္းသူမဟုတ္ပါ။ကိုယ္သိသေလာက္၊ မွတ္သေလာက္၊ တတ္သေလာက္ ႏွင့္ က်မ္းႀကီး က်မ္းငယ္အသြယ္သြယ္ကို ညွိႏွိုင္း ျခင့္ခ်ိန္ ေရးသားပါသည္။ ထို႔ေၾကာင့္ အမွားပါရင္ခြင့္လႊတ္ဖို႔ စကား ပလႅင္ ခံရပါသည္။ ကြၽန္ုပ္သည္ စာေရးဆရာ တစ္ေယာက္လည္းမဟုတ္သျဖင့္ ေရးသားပုံ ည့ံဖ်င္းလွ်င္လည္း ပြင့္လင္းစြာေဝဖန္ အႀကံေပးနိုင္ပါသည္။ သင္ခန္းစာပါ အေၾကာင္းအရာမ်ား၊ အေရးအသား မ်ားကို၊ စာရႈသူမ်ား၏တုံ႕ျပန္မႈေပၚမူတည္၍၊ ဆက္တိုက္ ျပဳျပင္၊ မြမ္းမံ ေရးသား သြားမည္ျဖစ္ပါ၍အဖက္ဖက္ မွ ေကာင္းမြန္ေစရန္၊ စာရႈသူမ်ား၏ ကိုယ္တိုင္ ပါ၀င္၊ ေဝဖန္အႀကံေပးမႈ မ်ား အထူးလိုအပ္ပါသည္။

သင္ခန္းစာပါအေၾကာင္းအရာမ်ားတြင္၊ အမွားပါလွ်င္၊ မွီျငမ္းေသာစာအုပ္မ်ား၊ ကြၽႏု္ပ္၏သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာမ်ား ၏ အမွားမဟုတ္ဘဲ၊ စာေရးသားစီစဥ္သူ ကြၽႏု္ပ္၏ညံ့ဖ်င္းမႈေၾကာင့္သာဟု မွတ္ယူ ၾကေစလိုပါသည္။
၁.၂ ရည္႐ြယ္သူ စာဖတ္ ပရိတ္သတ္မ်ား။သင္ခန္းစာမ်ားသည္Programming တတ္ကြၽမ္းၿပီးသူမ်ား ကိုခ်န္လွပ္၍ တစ္ခါမွ computerprogramming ႏွင့္ မထိေတြ႕ မသင္ၾကားဖူးသူမ်ားအတြက္ ရည္႐ြယ္ပါသည္။ Rubylanguage ကို ေလ့လာလိုသူ၊ Programmer မ်ားအေနျဖင့္ တစ္ျခား စာအုပ္မ်ားကိုသာဖတ္ရႈၾကေစလိုပါသည္။ ထိုသူမ်ား အဖို႔ ယခု သင္ခန္းစာမ်ားမွာလြယ္ကူလြန္းေနနိုင္ေပသည္။

ရည္႐ြယ္ရင္းမွာ၊Computer Programming မသင္ၾကားဖူးေသးသူမ်ားအား လြယ္ကူေသာ Ruby ကိုသုံး၍အေျခခံ သီဝရီမ်ားကို မိတ္ဆက္ေပးရန္၊ အေျခခံမွ တစ္ဆင့္ မိမိဖာသာရွာေဖြေလ့လာနိုင္ေစရန္၊ ခနတာ ေပးလိုက္ေသာ အခ်ိန္ႏွင့္ တူညီေသာတန္ဖိုးရွိသည့္ အသုံးခ်မႈမ်ိဳး လုပ္ေဆာင္နိုင္ရန္။ Programmingႏွင့္ဆိုင္ရာ အေျခခံ၊ အသုံးအႏႈန္း မ်ားႏွင့္ရင္းႏွီးကာ အျခား ProgrammingLanguage မ်ားကိုလြယ္ကူစြာ ဆက္လက္ ေလ့လာနိုင္ေစရန္ တို႔ျဖစ္ပါသည္။

Rubyရဲ႕ အစြမ္းကို မိမိ ေန႕စဥ္ လုပ္ေနက် အလုပ္ေတြထဲ မွာ ထည့္သြင္းအသုံးခ်လိဳ႕ရေစဖို႔ ကိုလည္း အဓိက ထားကာ သင္ခန္းစာမ်ားကို စီစဥ္ထားပါသည္။
၁.၃ သင္ခန္းစာ ဖြဲ႕စည္းပုံ။သင္ခန္းစာမ်ားတြင္သီဝရီ မ်ားကိုသာ ေရးသားေဖာ္ျပျခင္းထက္၊ လက္ေတြ႕ အသုံးခ် မႈကို ဦးတည္ေရးသားပါသည္။ သို႔ေသာ္ လက္ေတြ႕ မလုပ္ေဆာင္မီ သိသင့္သည့္ သီဝရီ အနည္းငယ္ကိုကားခ်ျပရေပသည္။ ထို႔ေနာက္၊ လက္ေတြ႕ တစ္ဆင့္ၿပီး တစ္ဆင့္ စမ္းသပ္မႈမ်ားကိုျပသ ရွင္းျပပါမည္။ (သင္ခန္းစာပါ Ruby Code မ်ားကို ကူးယူ ျခင္းထက္၊မိမိကိုယ္တိုင္ လက္ေတြ႕ ေရးသား ေစလိုပါသည္။) စာေရးကြၽမ္းက်င္ လိုလွ်င္မ်ားမ်ား ေရးေပး၊ စက္ဘီးစီကြၽမ္းက်င္လိုလွ်င္ မ်ားမ်ား စီးက်င့္ရသလို၊programming တတ္လိုလွ်င္ လည္း မ်ားမ်ား ေရးသား စမ္းသပ္ မႈမ်ားလိုအပ္ပါသည္။

သင္ခန္းစာ တစ္ခုစီ အၿပီး တြင္၊အလ်င္းသင့္သလို၊ အိမ္စာ ေလ့က်င့္ခန္းငယ္မ်ား ေပးပါမည္။ ၄င္းမွာလည္း၊ကြၽန္ုပ္ ရွာေဖြ ႀကံဆနိုင္မႈတြင္ မူတည္သျဖင့္၊ ေလ့က်င့္ခန္းမေပးနိုင္လွ်င္ လည္း မိမိဖာသာ ရွာေဖြ ႀကံဆ ေလ့က်င့္ၾကေစလိုပါသည္။ေနာက္ဆုံးပိုင္းတြင္၊ မိမိ ဖာသာ ေလ့လာ ဖတ္ရႈသင့္သည့္ Web Site မ်ား၊စာအုပ္မ်ားကို ထည့္သြင္း ေဖာ္ျပ ထားသည္။ ေဖာ္ျပပါ Reference မ်ားသာမကမိမိဖာသာ လညး္ လက္လွမ္းမီသေလာက္ ရွာေဖြ ဖတ္ရႈၾကေစလိုပါသည္။

သင္ခန္းစာတစ္ခုျခင္းစီ ၏ ပမာဏ ကို ျဖစ္နိုင္သ၍ သီဝရီ ၅ မိနစ္ခန႔္။ စမ္းသပ္ခ်ိန္ ၂၀မွ ၃၀ မိနစ္ခန႔္။ ေလ့က်င့္ခန္းမ်ားႏွင့္ ဖတ္စာမ်ားမွာ မိမိအားရင္ အားသလိုလိုက္နိုင္ လွ်င္ လိုက္နိုင္သလို ဖတ္ရႈနိုင္ရန္ ကန႔္သတ္စီစဥ္ေရးသားထားပါသည္။
ရည္႐ြယ္ရင္းမွာ ယခုလို ျမန္မာဘာသာႏွင့္ေရးေသာ သင္ခန္းစာမ်ားကို ဖတ္ရႈျခင္းအျပင္၊ မူရင္း လက္ေတြ႕ ေလာကတြင္ေရးသားဖလွယ္ၾကေသာ Ruby ေလာက ႏွင့္ ထိေတြ႕ေစရန္ႏွင့္ အေျခခံသိသြားေသာအခါ၊မိမိဖာသာ ရွာေဖြ ဖတ္ရႈ တိုးတက္ေစရန္ျဖစ္ပါသည္။

၁.၄ Ruby ဘယ္ကစ၊ ဘာကို ရည္႐ြယ္၊ ဘာေကာင္းလဲ။
Ruby ကို ဘယ္သူက ဘယ္အခ်ိန္မွာ စတင္ တီထြင္ လိုက္သလဲ ကို ဒီေနရာမွာ ရွာေဖြ ဖတ္ရႈၾကပါ။ http://www.ruby-lang.org/en/about/

Rubyရဲ႕ ရည္႐ြယ္ခ်က္ ကို Web Site အမ်ားမွာ၊ အမ်ိဳးမ်ိဳး ဖြင့္ဆိုတာကိုေတြ႕နိုင္ ပါသည္။ ကြၽႏု္ပ္၏ ကိုယ္ေတြ႕၊ Ruby ေကာင္းပုံေလးမ်ားမွာProgrammer ကို programming ေရးရန္ ေပ်ာ္႐ႊင္၊ အလုပ္တြင္ေစတာရယ္ပဲျဖစ္ပါသည္။
Compile Language မဟုတ္တာေၾကာင့္၊ခုေရး ခု run ၾကည့္လို႔ရပါသည္။ ထို႔ျပင္ IRB (ေနာက္ပိုင္းတြင္အေသးစိတ္ရွင္းျပပါမည္) ရဲ႕ အကူအညီေၾကာင့္ Ruby code ကို ကိုယ့္ Program ထဲထည့္မေရးခင္၊ စမ္းသပ္ၾကည့္နိုင္ျခင္းေၾကာင့္၊ Coding Error ထက္ ကိုယ့္ ရဲ႕Problem ကို အဓိကထား ရွင္းလင္းနိုင္တာေၾကာင့္ Ruby ကိုခ်စ္ရပါသည္။
၁.၆ Ruby ကို Computer တြင္ တပ္ဆင္ ျခင္း။စာရႈသူအမ်ားစုဟာWindows အသုံးျပဳၾကတာမို႔ Window အတြက္ Install လုပ္ပုံကိုသာအဓိကထားေျပာသြားပါမည္။ Linux သုံးသူမ်ားကေတာ့ နည္းပညာပိုင္း အေတာ္အတန္တီးေခါက္မိသူေတြျဖစ္တာမို႔ အေထြအထူး ရွင္းမျပေတာ့ပါ။ ဘာ OS ပဲ သုံးသုံးRuby ကို ဒီေနရာ (http://www.ruby-lang.org/en/downloads/) မွာရယူနို္င္ပါသည္။ Windows အသုံးျပဳသူမ်ား အေနနဲ႕ “Ruby on Windows”ေခါင္းစဥ္ေအာက္က “One Click Installer” ကို ရယူေစလိုပါတယ္။ ဒါဟာအလြယ္ဆုံးနဲ႕ အရွင္းဆုံး Install လုပ္နည္းျဖစ္ပါသည္။

ယခုေရးသား ေနခ်ိန္မွာ One Click Installer တြင္ Ruby version 1.8.6ပါ၀င္ပါတယ္။ ေနာက္ဆုံး စမ္းသပ္ဆဲကေတာ့ 1.9.0 ျဖစ္ပါတယ္။ One ClickInstaller ဟာ Microsoft Installer Package ျဖစ္လို႔ လြယ္လင့္တကူ installလုပ္နိုင္ပါတယ္။ ျဖစ္နိုင္လွ်င္ Ruby ကို C:\Ruby ေအာက္မွာ ပဲ Installလုပ္ေစခ်င္ပါတယ္။ ဘာ့ေၾကာင့္ဆို တစ္ခ်ိဳ႕ Ruby ကို သုံးတဲ့ applicationေတြမွာ Ruby ရဲ႕ location ကို C:\Ruby ေအာက္မွာ သြားရွာတတ္ၾကလို႔ပါ။

Ruby ကို install လုပ္ၿပီးၿပီဆိုရင္ (Start+R) ကို ႏွိပ္ၿပီး “cmd” လို႔ ရိုက္ထည့္လိုက္ပါ။ ၿပီးလွ်င္ “ruby -v” ဟု ရိုက္ၿပီး “Enter” ေခါက္လိုက္ပါ။
ေအာက္ေဖာ္ျပပါကဲ့သို႔ install လုပ္ထားေသာ Ruby ၏ version number ေပၚလာၿပီဆိုလွ်င္ Rubyအား ေအာင္ျမင္စြာ install လုပ္ၿပီးၿပီး ျဖစ္ေၾကာင္းမွတ္ယူနိုင္ပါသည္။
၁.၇ Command Line အေျခခံ။ကြန္ျပဴတာအသုံး ခ်သဴတိုင္း Command Line ကို သုံး တတ္သင့္ပါသည္။ Ruby ေရးမည့္Rubyist မ်ားအဖို႔၊ မသိမျဖစ္ သိသင့္ သည့္ အခ်က္အလက္အခ်ိဳ႕ကိုေရးသားေဖၚျပလိုပါသည္။ ဒီေနရာတြင္ Command Line သည္ Windows Command Lineအေၾကာင္းကိုသာ ေဖာ္ျပပါမည္။

(Command Line အေျခ ခံ အေၾကာင္းကို သီးျခား သင္ခန္းစာ တစ္ခု အေနျဖင့္ ေရးသားေဖာ္ျပပါမည္။)

၁.၈ Ruby Editorမည္သည့္programming language ကို ေရးသား ျပဳျပင္သည္ျဖစ္ေစ၊ editor တစ္ခုေတာ့လိုအပ္သည္ပင္။ Ruby ကို Edit လုပ္ရန္ မည္သည့္ editor ကို မဆိုသုံးနိုင္ပါသည္။ ယုတ္စြ အဆုံး windows တြင္ ပါေသာ NotePad ကိုပင္အသုံးျပဳနိုင္ေပသည္။ သို႔ေသာ္ အႀကံျပဳလိုသည္မွာ အလုပ္တြင္က်ယ္ေစရန္ အတြက္၊အနည္းဆုံး syntext highlighting , find and replace ႏွင့္ line numberေဖာ္ျပေပးနိုင္ေသာ editor တစ္ခုခုကို ေ႐ြးခ်ယ္ေစလိုပါသည္။

၁.၆ တြင္ေဖာ္ျပေသာ Ruby installation တြင္ SciTE ဟူသည္ free text editor တစ္ခုပါ၀င္ပါသည္။ NotePad++ သည္လည္း ကိရိယာ စုံလင္ေသာ editorေကာင္းတစ္ခုျဖစ္ပါသည္။ Ruby application အႀကီးႀကီးတစ္ခု ေရးလိုပါကIntegrated Development Environment ေခၚ editor အႀကီးႀကီး တစ္ခုကိုသုံးလွ်င္ ပိုေကာင္းပါသည္။ ကြၽန္ုပ္ ကိုယ္တိုင္ အေနျဖင့္ မူ NetBeans 6.1ကို အသုံးျပဳရန္ အားေပးပါသည္။ NetBeans တြင္ အထက္ ေဖာ္ျပပါ၊ အေျခခံကိရိယာမ်ား အျပင္ အဆင့္ျမင့္ editing ကိရိယာမ်ား (Auto Complete,Intellisense, Project management ႏွင့္ Difference comparison စသည္ျဖင့္)ပါ၀င္ပါသည္။

သင္ခန္းစာမ်ား ေလ့က်င့္ရန္အတြက္ကို ကား၊ SciTE, NotePad သို႔မဟုတ္ NotePad++ ကိုသာ အသုံးျပဳၾကရန္အႀကံျပဳလိုပါသည္။ သို႔မွသာ၊ လက္ျဖစ္ ေရးစြမ္းရည္ တိုးတက္လာမည္ျဖစ္သည္။
၁.၉ အျခား Ruby ႏွင့္ပတ္သက္ သည့္ အေၾကာင္းမ်ား။၁.၉.၁ Computer ႏွင့္ Program လုံၿခံဳေရး။
Rubyသည္ scripting language ျဖစ္သျဖင့္၊ code မ်ားကို၊ plain text file (.rb)မ်ားအျဖစ္ သိမ္းဆည္းပါသည္။၊ မည္သူမဆို source code ကို ၀င္ေရာက္ ၾကည့္ရႈျပဳျပင္လို႔ရသည္မို႔၊ ကိုယ့္ program code ထဲကို ဖ်က္လိုဖ်က္ဆီးလုပ္တဲ့code မ်ား ၀င္ေရးလိုက္ရင္၊ မလိုလားအပ္တဲ့ ျပႆနာမ်ားျဖစ္ေပၚေစနိုင္ပါသည္။ဥပမာ system ထဲ က အေရးႀကီးတဲ့ ဖိုင္ တစ္ခ်ိဳ႕ ကိုဖ်က္ပစ္တာမ်ိဳးလုပ္နိုင္ပါသည္။

၁.၉.၂ Anti-Virus မ်ားႏွင့္ Ruby။
အထက္ကဆိုခဲ့ သလိုပင္၊ Ruby Library ထဲ က ဖိုင္အားလုံးဟာလည္း Plain Text fileေတြျဖစ္လို႔ တစ္ခုကို တစ္ခု ေခၚယူ သုံးစြဲတဲ့ အခါမွာ Anti-Virusမ်ားေၾကာင့္ လည္း ကိုယ့္ program ျမန္သင့္သေလာက္မျမန္တာမ်ိဳးလည္းႀကံဳရနိုင္ပါသည္။ အေၾကာင္းမွာ၊ အခ်ိဳ႕ေသာ Anti-Virusမ်ားသည္ Computer ထဲမွ ဖိုင္တစ္ခုကို ဖြင့္တိုင္း၊ ဖြင့္သည့္ program(process) ကို scan လုပ္ေလ့ရွိသျဖင့္ Ruby ကဲ့သို႔ ဖိုင္ မ်ားစြာ ကိုဖြင့္ယူ ေခၚေဆာင္ အသုံးျပဳသည့္ အျပဳအမူမ်ိဳး သည္ ruby interpreter processအား (မလိုအပ္ဘဲ) အခါေပါင္းမ်ားစြာ scan လုပ္ေလ့ရွိပါသည္။ ထိုသို႔ေသာAnti-Virus အတြက္၊ .rb ဖိုင္အား ခြၽင္းခ်က္ ေပးသည့္ setting ကိုေျပာင္းလဲထားရန္လိုပါသည္။

သို႔ေသာ္သတိျပဳရန္မွာ ထိုသို႔ခြၽင္းခ်က္ေပးထားပါက၊ Virus သိုမဟုတ္ Trojan တစ္ခုခုက .rb ဖိုင္မ်ားကို ေခၚယူ သုံးစြဲျခင္းမွ ကာကြယ္ေပးနိုင္ျခင္း မရွိေတာ့ေပ။

၁.၉.၃ Interactive RuBy သို႔မဟုတ္ IRB ။
Rubycode မ်ားကို အေသအခ်ာ မေရးမီ၊ စမ္းသပ္လိုသည့္ code အစိတ္အပိုင္းေလးမ်ားကို IRB ကိုသုံး ၍ စမ္းသပ္ၾကည့္နိုင္ပါသည္။ မိမိျဖစ္ေစလိုေသာ ပုံစံကဲ့သို အလုပ္လုပ္သည္ဆိုမွ ထို code ကို အမွန္ တကယ္ေရးေနေသာ program ႀကီးထဲကို ေရးထည့္ျခင္းျဖင့္ အဓိက program အားမလိုလားအပ္ေသာ၊ မေသခ်ာေသာ စမ္းသပ္မႈမ်ိဳး ျပဳျပင္ျခင္းမ်ိဳးမွာေရွာင္က်ဥ္နိုင္ပါသည္။

IRB ကို သီးျခားခြဲမေရးေတာ့ဘဲ၊ သင္ခန္းစာမ်ားႏွင့္ တြဲလ်က္အလ်ဥ္းသင့္သလိုေရးသားေဖာ္ျပပါမည္။ သို႔မွသာ IRB အား မည္သို႔ ေနရာတြင္အသုံးခ်ရသည္ကို လက္ေတြ႕ သိရွိ ေလ့က်င့္ၿပီးသားျဖစ္ေပမည္။

၁.၉.၄ Ruby Documentation သို႔မဟုတ္ RI။
RIcommand သည္ မိမိသိလိုေသာ Ruby ႏွင့္ သက္ဆိုင္သည့္ code မ်ား အေၾကာင္းကို(documentation, help and info) ေဖာ္ျပေပးပါသည္။ RI ကို သုံး၍ဖန္တီးထားေသာUser Interface ပါသည့္ program မွာ FXRI ျဖစ္ပါသည္။ FXRI သည္ Rubyinstallation ႏွင့္ပါ၀င္လ်က္ရွိရာ Start menu ေအာက္တြင္ရွာေဖြဖြင့္ၾကည့္နိုင္ပါသည္။

၁.၉.၅ Ruby GEMs (Ruby ရတနာခဲေလးမ်ား)။
ပတၱျမားတစ္လုံးတည္းလည္း လွသလို၊ ပတၱျမား ကို တစ္ျခား ေရာင္စုံ ေက်ာက္မ်က္ရတနာေလးေတြ ရံေတာ့ ပို လွလာပါသည္။ အလားတူစြာ၊၊ Ruby ႏွင့္ တြဲလ်က္၊တစ္ျခား Gems ေလးေတြကိုပါ တြဲသုံးျခင္းျဖင့္ Rubyist ေတြ အတြက္ မိမိလုပ္လိုတဲ့ program တစ္ခုကို အခ်ိန္ တို အတြင္း လြယ္လြယ္ကူကူ ေရးနိုင္၊ၿပီးစီးနိုင္ပါသည္။

Gem သည္ ႀကိဳတင္ေရးသားထားေသာ Ruby program ငယ္ေလးမ်ားျဖစ္ပါသည္။ Ruby programတစ္ခုေရးရာတြင္ ကိုယ္ႏွင့္ တိုက္ရိုက္မပတ္သက္ေသာ function မ်ိဳးေတြကိုကိုယ္တိုင္ ေရးသားဖန္တီးမယ့္ အစား၊ သူမ်ား ေရးၿပီးသား ruby code ကိုေခၚယူသုံးစြဲနိုင္ပါသည္။ ထိုသို႔ သုံးစြဲရ လြယ္ကူေစရန္ ေရးသားထားေသာ codeမ်ားကို .rb ဖိုင္ေတြနဲ႕ ျဖန႔္ေဝမည့္အစား Gem အျဖစ္ ထုတ္ပိုးၿပီးျဖန႔္ေဝျခင္းသည္ Ruby သမားမ်ား ရဲ႕ ဓေလ့တစ္ခုျဖစ္ပါသည္။ Gem သည္ Rubyinstallation ႏွင့္ အတူ တြဲလ်က္ပါၿပီးျဖစ္ပါသည္။

Gem တစ္ခုကို သုံးခ်င္လွ်င္၊ gem command ကိုသုံးကာ online မွ တိုက္ရိုက္ install လုပ္နိုင္ပါသည္။
“gem -v” လို႔ ရိုက္ၿပီး “Enter” ေခါက္လိုက္ရင္ လက္ရွိ install လုပ္ထားတဲ့ Gem version ကို ေဖာ္ျပၿပီး။ “gem list” လို႔ရိုက္လိုက္ရင္ ေတာ့ လက္ရွိ install လုပ္ထားတဲ့ Gems ေတြကို list လုပ္ျပပါလိမ့္မယ္။

ယခု အဖြင့္ပိုင္းကို ဖတ္အၿပီး တြင္ စာရႈသူမ်ား အေနျဖင့္၊ http://www.ruby-lang.org မွ Ruby ကို download လုပ္ကာ install လုပ္ေစလိုပါသည္။
ေနာက္ ဆက္လက္ မည့္ သင္ခန္းစာမ်ားတြင္ Ruby အသုံးခ်နည္းကို ေဖာ္ျပမည္ ျဖစ္သျဖင့္ Ruby ကို မိမိစက္တြင္ တပ္ဆင္ ထားရန္ လိုအပ္ပါသည္။

ေက်းဇူးအထူး တင္ရွိပါသည္။

0 comments:

Post a Comment