Sunday, November 18, 2018

လာမယ့် ၂ နှစ်အတွင်းတွင် AR စမတ်မျက်မှန် ထုတ်လုပ်လာမယ့် Huawei

နည်းပညာလောကတစ်ခုလုံး AR သို့ ချီတက်လျက်ရှိပါတယ်။ အထူးသဖြင့် ထိပ်သီးနည်းပညာကုမ္ပဏီများက စမတ်ဖုန်းခေတ်ကုန်ဆုံးပြီး AR စမတ်မျက်မှန် တခေတ်ထွန်းလာမယ်လို့ ယုံကြည်နေကြပါတယ်။ AR လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေထဲမှာ Huawei လည်း ပါဝင်ပါတယ်။ Huawei ဟာ Mate 20 Pro မှာ AI နှင့် AR တို့ ထည့်သွင်းထားပါတယ်။ Huawei ကလည်း စမတ်ဖုန်းလောကမှာပဲ နေချင်တဲ့ ကုမ္ပဏီမျိုးမဟုတ်ပါဘူး။ R&D အတွက် ငွေကြေးဘီလီယမ်ပေါင်းများစွာ သုံးနေတဲ့ ကုမ္ပဏီပီပီ Huawei ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ AR စမတ်နာရီ ထုတ်လုပ် ရောင်းချဖို့ စီစဉ်ထားပါတယ်။
CNBC နှင့်အင်တာဗျူးမှာ Huawei CEO ရစ်ချက်ယူက AR စမတ်မျက်မှန်ထုတ်လုပ် ရောင်းချဖို့ လုပ်ဆောင်နေပြီ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်မှာ ရောင်းချဖို့ အဆင်သင့်ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Huawei ရဲ့ AR စမတ်မျက်မှန်ကလည်း Google နှင့် Microsoft တို့ရဲ့ AR စမတ်မျက်မှန်များလိုပဲ လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ စမတ်မျက်မှန်က Google နဲ့ Microsoft တို့ရဲ့ စမတ်မျက်မှန်ထက် ပိုပြီးတော့ အဆင့်မြင့်လာဖို့ ရှိပါတယ်။  Huawei ရဲ့ စမတ်မျက်မှန်က ပိုပြီးတော့ အသုံးတည့်လာဖို့ သေချာနေပါတယ်။
ဆက်လက်ပြီး ရစ်ချက်ယူက လက်ရှိအချိန်မှာ AR လောကက စတင်ရုံမျှသာ ရှိနေသေးသော်လည်း အနာဂတ်မှာ များစွာ အသုံးတည့်လာမယ့်စနစ် ဖြစ်ကြောင်း ဆိုသွားပါတယ်။
တကယ်တော့ AR ဈေးကွက်က တဖြည်းဖြည်းကြီးထွားလာဖို့ သေချာနေပါတယ်။ Apple ကလည်း AR အတွက် အကြီးအကျယ် လုပ်ဆောင်နေပါတယ်။ Apple ဟာ Akonia Holographic ကို ၀ယ်ယူထားသလို Facebook ကလည်း AR စမတ်မျက်မှန် လုပ်ဆောင်နေတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။
ကျွမ်းကျင်သူများက ၂၀၂၂ ခုနှစ်မှာ AR စမတ်မျက်မှန် ဈေးကွက်မှာ ၂၁ သန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

0 comments:

Post a Comment