Network ဘယ္ကစသလဲလုိ႕ေမးလာရင္ေတာ႕ networkအစကြန္ပ်ဴတာကလို႕ေျပာရမွာျဖစ္ပါတယ္ ဘာျဖစ္လို႕လဲဆိုေတာ႕ ကြန္ပ်ဴတာေတြမေပၚခင္တုန္းက network ဆိုတာမရွိခဲ႔ပါဘူး နည္းနည္ေလးထပ္ေျပာရရင္ပထမဆံုးကြန္ပ်ဴတာ တစ္လံုးကိုတီထြင္ခဲ႕ခ်ိန္ထိလည္း network ဆိုတာမရွိေသးပါဘူး ဒုတိယေျမာက္ ကြန္ပ်ဴတာရယ္လို႕ေပၚလာတဲ႕အခ်ိန္ကစၿပီး တဖက္ကြန္ပ်ဴတာ ထဲမွာ ရွိေနတဲ႕ ေတြ folder ေတြကို မိမိကြန္ပ်ဴတာထဲမွာရွိေနသကဲ႕သို႕ ထိုင္ရာမထယူငင္အသံုးျပဳႏိုင္ေအာင္နည္းလမ္းအမ်ိဳးမ်ိဳးတို႕ျဖင္႕ တီထြင္ၾကံဆခဲ႕ၾကတယ္။
သူ႔ရဲ႕သေဘာကေတာ႕ ရွင္းရွင္းေလးပါဘဲ တဖက္ကြန္ပ်ဴတာထဲမွာ ရွိေနတဲ႕ information ေတြကို လူကိုယ္တိုင္ သယ္ေဆာင္ ဖလွယ္စရာမလိုဘဲ ဒီဘက္ကြန္ပ်ဴတာကေနထိုင္ရာမထ ဘဲ ယူႏိုင္သံုးႏိုင္ရင္ အဲ႕ဒါ network ျဖစ္ပါတယ္။ ထိုကဲ႕သုိ႕ information ေတြတဖက္ႏွင္႕တဖက္ အျပန္အလွန္ဖလွယ္ႏိုင္ေအာင္ ဘာေတြလုိအပ္သလဲ။ကဲ---ဆက္လက္ေလ႕လာၾကရေအာင္။
Network Medium ၾကားခံဆက္သြယ္ေရးပစၥည္းမ်ား
Network Medium ဆိုတာ ကြန္ပ်ဴတာေတြကို ကြန္ရက္ရိုက္တဲ႕အခါ ကြန္ပ်ဴတာတစ္လံုးႏွင္႕တစ္လံုးကိုၾကားခံခ်ိတ္ဆက္ေပးတဲ႕ပစၥည္းကိုေခၚတာျဖစ္ပါတယ္။ဒီၾကားခံပစၥည္းဟာ
Network cable ႀကိဳးေတြဘဲျဖစ္ပါတယ္။ ၎တို႕ဟာ Metallic Cable ဒါမွမဟုတ္Fiber Optic Cable တို႕
ျဖစ္ၾကပါတယ္။Metallic Cable ဆိုတာ Coaxial Cable ႏွင္႕ တယ္လီဖုန္းႀကိဳးတို႕ ျဖစ္ၾကပါတယ္။
အဲ႕ဒီအျပင္ခုေနာက္ပိုင္းတြင္ ၾကိဳးေတြကို အသံုးမျပဳ ေတာ႕ဘဲ Wireless ဆိုတဲ႕ ႀကိဳးမဲ႕ကြန္ယက္
ေတြကိုလည္း ခ်ိတ္ဆက္ အသံုးျပဳ လာၾကပါတယ္။ေနာက္တစ္ခုက ကြန္ပ်ဴတာတစ္လံုးႏွင္႕တစ္လံုး
က Network ႀကိဳးႏွင္႕ ခ်ိတ္ဆက္တယ္ဆိုေပမယ္႕ ဒီႀကိဳးေတြ လာေရာက္တပ္ဖို႕ကကြန္ပ်ဴတာမွာ
NIC ဆိုတဲ႕ Network Interface Card (Nerwork Card) ေတာ႕ရွိ ရမွာေပါ႕ ။ ဒီေတာ႕ ကြန္ပ်ဴတာ
တစ္လံုးႏွင္႕တစ္လံုးသို႕ Network Card ေတြ Network ႀကိဳးေတြ Network ေခါင္းေတြ စတဲ႕
Network Medium ေတြကို အသံုးျပဳ ၿပီး Data ေတြကို Carries လုပ္ၾကတာ ျဖစ္ပါတယ္။
Network Protocols ဆက္သြယ္ေရးအရာရွိ
ကြန္ပ်ဴတာ တစ္လံုးႏွင္႕တစ္လံုး Network Card ေတြစိုက္ Network ႀကိဳးေတြခ်ိတ္ လုပ္လိုက္ရံုနဲ႕ Network တစ္ခုျဖစ္မလာပါဘူးcomputer တစ္လံုး communicate ျဖစ္ဖို႕ရာ အျခားကြန္ပ်ဴတာတစ္လံုးနဲ႕ ခ်ိတ္ဆက္မိသြားဘို႕ဆိုတာ rule ေလးတစ္ခုေလာက္ ေတာ႕လိုတယ္ေနာ္။ဆိုတာ အျခားတစ္ဘက္က ေျပာလိုက္တာကို တစ္ဖက္က ဘယ္လိုဘာသာျပန္လဲေပါ႕ ေနာက္ၿပီး တစ္ဘက္နဲ႕တစ္ဘက္ ဘယ္လို initiate လုပ္ၾကလဲေပါ႕ ဒီလို Network တစ္ခုမွာကြန္ပ်ဴတာေတြ တစ္လံုးႏွင္႕တစ္လံုးၾကားCommunicate လုပ္ဖို႕က ဥပေဒသ ေတြ rule ေတြပါတဲ႕ software တစ္ခုလိုသဗ်။ ဒါဟာဘာလဲဆိုေတာ႕ Protocols ဘဲေပါ႕။ Protocols ဆိုတာ ကCommunicate ကိုထိန္းခ်ဴပ္ေပးတဲ႕ Software တစ္ခု ျဖစ္တယ္။
ဒီေတာ႕ ကြန္ပ်ဴတာတစ္လံုးႏွင္႕တစ္လံုး ၾကိဳးေလးခ်ိတ္ဆက္ထားရံု Network Card ေတြ တပ္ထားရံုနဲ႕မၿပီး ဘဲ Communicate ျဖစ္္ေျမာက္ဘို႕အတြက္ Protocol ဆိုတာလိုအပ္တယ္။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Inernet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
(၃) IPX/SPX (Internetwork Packet Exchange /Sequence Packets Exchange ) စသည္
တို႕ျဖစ္ၾကတယ္။ တစ္ျခား သံုးတာေတြလည္းရွိပါေသးတယ္
Network Software ထိန္းခ်ဳပ္မည္႔စနစ္
Network ကိုကြန္ပ်ဴတာတစ္လံုးႏွင္႕တစ္လံုးခ်ိတ္ဆက္ထားရံုနဲ႕ NIC card ေတြတပ္ဆင္ထားရံုနဲ႕ ေနာက္ Protocol ေလးတင္ထားရံုနဲ႕ တင္မရပါဘူး ။ကိုယ္တပ္ဆင္မယ္႕ Network က Client / Sever Network မ်ိဳး ဆုိရင္ေပါ႕။ အဲ႕ဒီလိုClient / Sever Network ေတြမွာဆိုရင္ Network ၾကိဳးေတြNetwork Card ေတြ Network Protocol ေတြနဲ႕တင္မလံုေလာက္ေတာ႕ပါဘူး။Network Software ဆိုတာၾကီးကလဲလိုလာျပန္ပါတယ္။ အဲ႕ဒီNetwork Software ဆိုတာတျခားမဟုတ္ပါဘူး။ Network Operation System (NOS) ပါဘဲ။ဒီ NOS ဟာ ဘယ္ကြန္ပ်ဴတာ၊ဘယ္အသံုးျပဳသူ User ကေတာ႕ျဖင္႕ Network ရဲ႕ဘယ္ Resoures ကို အသံုးျပဳမယ္ စတာေတြကို ထိန္းခ်ဳပ္ေပးရပါတယ္။ အဲ႕ဒီ NOS ေတြက ေတာ႕ဥပမာအားျဖင္႕ Microsoft Windows NT,Microsoft Windows Server 2003 စတာေတြေပါ႕ ။အဲ႕ဒီထဲမွာမွ Windows NT Server ,Windows Server 2003 ,Novell Netware 5.1 တို႕ဟာ Serverversion ေတြျဖစ္ၾကၿပီး တဖက္က Client ေတြကေတာ႕ Microsoft Windows NT Workstations, Windows 2000 Professional ,Window XP, တို႕ျဖစ္ႏိုင္
ၾကပါတယ္။
Network Services ကြန္ရက္၀န္ေဆာင္မႈ
Network Services ဆိုတာ ကြန္ရက္က လုပ္ေဆာင္ေပးႏိုင္တဲ႕ ၀န္ေဆာင္မႈေတြ ျဖစ္ပါတယ္ အဲ႕ဒါေတြကေတာ႕
၁) File Services
၂) Print Services
၃) Communication Services
၄) Electronic Mail တို႕ျဖစ္ၾကပါတယ္။
ဒီ Services ေတြကို ဘယ္သူကဘယ္သူ႕ကို ေပးသလဲေနတာလဲ။ ဒါလဲသိဖို႕လိုတယ္။ဒီေတာ႕ ဒီ ေနရာမွာ၀န္ေဆာင္မႈကို ပံ႕ပိုးသူနဲ႕ ၀န္ေဆာင္မႈကိုေတာင္းဆိုတဲ႕သူ ဆိုၿပီးရွိပါတယ္။ Services Providers နဲ႕ Services Requester ေပါ႕ဗ်ာ။ Service Provider ဆိုတာ က၀န္ေဆာင္မႈကိုပံ႕ပိုးတဲ႕သူ ။Services Requester ဆိုတာက ၀န္ေဆာင္မႈကို ေတာင္းဆိုတဲ႕သူ အလိုရွိတဲ႕သူေပါ႔။ ဥပမာေျပာရရင္ လၻက္ရည္ဆိုင္မွာ ေပါ႔ စားသံုးသူလာမယ္။ လၻက္ရည္မွာမယ္။မုန္႕မွာမယ္။ ဒါ၀န္ေဆာင္မႈကိုေတာင္းဆိုတာဘဲ။ Services Requester ေပါ႔ စားေသာက္ဆိုင္က စားသံုးသူကို ပံ႕ပိုးေပးရတာဆိုေတာ႕ Service Provider ေပါ႕ ။Services Requester ေတြက ႀကိဳက္တဲ႕ မုန္႕ကိုႀကိဳက္သလိုမွာစားလို႕ရတယ္။ အဲ႕ဒီအျပင္မွာစားတဲ႕အေရအတြက္ေရာ မွာ စားတဲ႕ဦးေရေကာမ်ားမွာ ျဖစ္တယ္။ ဒါေပမယ္႕ လၻက္ရည္ဆိုင္ကေတာ႕တစ္ဆိုင္တည္း ။ ဒီေတာ႕ Services Requester မွာ မွာသမွ် ကိုအားလံုး မလစ္ဟင္းေအာင္ လုပ္ေပးႏိုင္ဘို႕က Service Provider ကအင္အားေတာင္႕တင္းေနမွ ျဖစ္မွာေပါ႔။ Service Provider ႏွင္႕ Services Requester မွာေအာက္ပါတုိ႕ပါ၀င္ပါတယ္။
သူတို႕ကေတာ႕
၁) Server သူကေတာ႕ Service Provider သက္သက္ပါ
၂) Client သူကေတာ႕ Service Requester သက္သက္ပါ ။ဘယ္သူကိုမွ Service Provider မလုပ္ပါဘူး
၃) Peer သူက ေတာ႕ Service Provider လဲလုပ္ပါတယ္။ Service Requester လဲလုပ္ပါတယ္။
Network Types ကြန္ရက္အမ်ိဳးအစားမ်ား
ကြန္ရက္အမ်ိဳးအစားကိုခြဲျပရမယ္ဆိုရင္ (၂)မ်ိဳးရွိသဗ်။ အဲ႕ဒါကေတာ႕
၁။ Peer to Peer Network
၂။ Client Server Network (Server ကို Based အေျချပဳထားေသာ Network)
ရယ္လို႕ (၂)မ်ိဳး ရွိပါတယ္။ ဒီမွာေတာ႕ ကၽြန္ေတာ္က Server Based Network ကိုဘဲ အဓိက ထာားေဖာ္ျပသြားမွာျဖစ္ပါတယ္။
အဲ႕ ဒီ ဆာဗာ ႏွစ္မ်ိဳးလံုးအေၾကာင္းကိုမေလ႕လာခင္႕မွာ Server ဆိုတာဘာလဲ Workstation ဆိုတာဘာလဲ စတာေတြကို တင္ျပခ်င္တယ္။
Server ပံ႕ပိုးမည္႕သူ
Server ဆိုတာ၀န္ေဆာင္မႈ ေတာင္းဆိုတဲ႕သူေတြကို ၀န္ေဆာင္မႈ ပံ႕ပိုး ေပးရတဲ႕ အလုပ္ေတြကို လုပ္ ပါတယ္။ သူကတစ္ဖက္ သတ္ပါ။ သူကေန ၀န္ေဆာင္မႈ ျပန္မယူပါဘူး သူက ၀န္ေဆာင္မႈ ေပးတဲ႕အလုပ္ကိုပဲ လုပ္ပါတယ္။ ဒါေပမယ္႕ လၻက္ရည္ဆိုင္ဥပမာအတိုင္း ၀န္ေဆာင္မႈကိုေတာင္းဆို မယ္႕သူ ကေတာင္းသေလာက္ ေပးႏိုင္ေအာင္Server က အင္အားေတာင္႕ တင္းဖို႕လိုပါတယ္။ ဥပမာ Multi Processor သံုးဘို႕လိုေကာင္းလိုမယ္။ RAM က ECC ပါဘို႕လိုေကာင္းလိုမယ္။ Hard Disk က SCSI ျဖစ္ ဖို႕လိုေကာင္းလိုမယ္။အျမင္႕ဆံုးနဲ႕ အျမန္ဆံုးျဖစ္ဘို႕လိုအပ္ပါတယ္။ ေအာက္မွာ Server အမ်ိဳးအစားေတြကို ေဖာ္ျပေပးထားပါတယ္။ Server တစ္မ်ိဳးခ်င္းစီဟာ သက္ဆိုင္ရာ တာ၀န္တစ္ခု ကိုပဲလုပ္ၾကပါတယ္။
၁) File Server ဖိုင္မ်ားကိုသိမ္းဆည္းေပးထားျခင္း ႏွင္႕ေတာင္းခံရင္းျဖန္႕ျဖဴးျခင္း
၂) Print Server ကြန္ရက္မွာရွိတဲ႕ Print မ်ားကိုထိန္းခ်ဳပ္ျခင္းႏွင္႔ အုပ္ခ်ဳပ္ျခင္း
၃) Proxy Server တျခား ကြန္ပ်ဴတာကိုယ္စားလွယ္ လုပ္ငန္းေတြကို လုပ္ေဆာင္ေပးထားပါတယ္။ဆိုလိုတာက ကိုယ္စားလိုဆိုလိုခ်င္တာပါ။
၄) Application Server -ကြန္ရက္မွာ အသံုးျပဳမယ္႕ Application ေတြနဲ႔ပတ္သက္လို႕ ၀န္ေဆာင္မႈ ေပးထားပါတယ္။
၅) Web Server - Web Page နဲ႕တျခား Web Content ေတြကို သိမ္းထားေပးျခင္း ႏွင္႕ Hypertext Transfer Protocol (HTTP) ကိုအသံုးျပဳၿပီးေတာ႕ လိုရာသို႕ ေပးပို႕ျခင္း။
၆) Mail Server - Email မ်ားကိုလက္ခံျခင္းႏွင္႕ ေပးပို႕ျခင္းတို႕ကို လုပ္ေဆာင္ေပးျခင္း။ အဲ႕ဒီအျပင္ Fax Server ,Remote Access Server ,Telephone Server တို႕ဆုိတာရွိပါေသးတယ္။
Workstation ေတာင္းခံမယ္႕သူ
Workstation ဆိုတာ ၀န္ေဆာင္မႈေတာင္းဆိုတဲ႕သူျဖစ္ပါတယ္။ ဒီေနရာမွာ Workstation ဆိုတာနဲ႕ Client ဆိုတာကြဲျပားေအာင္ေျပာဆိုရပါအံုးမယ္။ ကြန္ရက္မွာ ခ်ိတ္ဆက္ထားတာေတြက ကြန္ပ်ဴတာခ်ည္း ပဲဟုတ္ခ်င္မွ ဟုတ္ပါလိမ္႕မယ္။ကြန္ပ်ဴတာအျပင္ ပရင္တာေတြလည္းပါႏိုင္တယ္ေလ။ ကြန္ရက္တခုမွာ လိုအပ္ခ်က္ေတြကို ေတာင္းခံသူအားလံုး ဟာ Clientပါ ။ဆိုလိုခ်င္တာက ကြန္ရက္မွာရွိတဲ႕ လိုအပ္ခ်က္ေတြကို ေတာင္းဆိုသူတိုင္းပါ ။ကြန္ပ်ဴတာ၊ပရင္တာအားလံုးေပါ႕ ။ဒါ Client ပဲ။ ဒါေပမယ္႕ Workstation ဆိုတာကြန္ရက္ထဲက ၀န္ေဆာင္မႈကုိေတာင္းခံသူ ကြန္ပ်ဴ တာေတြပါဘဲ ကြန္ပ်ဴတာမဟုတ္တဲ႕ ေတာင္းခံသူကိုေတာ႕ Client လို႕ေခၚၿပီးေတာ႕ ကြန္ပ်ဴတာဆိုရင္ေတာ႕ Workstaion လို႕ေခၚပါတယ္။ ဒီေတာ႕ Workstationတိုင္းဟာ Client ျဖစ္တယ္။Client တိုင္းဟာ Workstation မဟုတ္ဘူး။
Peer to Peer Networking ဆိုတာ
Peer to Peer Networking ဆိုတာ ကြန္ရက္အတြင္းမွာရွိတဲ႕ ကြန္ပ်ဴတာေတြဟာ တစ္ခ်ိန္မွာ ၀န္ေဆာင္မႈကိုေတာင္း
ခံၿပီးေတာ႕ တစ္ခ်ိန္မွာ သူဟာတစ္ျခားသူေတာင္းခံတဲ႕ ၀န္ေဆာင္မႈကို ပံ႕ပိုးေပးတဲ႕သူ ျဖစ္ႏိုင္ပါတယ္။ဆိုလိုတာက
သူလိုေနတဲ႕အခ်ိန္မွာ ကိုယ္ကပံ႕ပိုးေပးၿပီးေတာ႕ ကိုယ္လိုေနတဲ႕ အခ်ိန္မွာ က်ေတာ႕ ကိုယ္က ျပန္ေတာင္းခံရျပန္ေကာ
ဒီေတာ႕ Peer Network မွာ ကိုယ္က ေတာင္းခံတဲ႕သူလည္းျဖစ္ႏိုင္တယ္။ ပံ႕ပိုးတဲ႕သူလည္းျဖစ္ႏိုင္တယ္။ ေတာင္းခံတဲ႕
အခါက်ေတာ႕ ကိုယ္က Client ေပါ႕ ပံ႔ပိုးတဲ႕အခါက်ေတာ႕ ကိုယ္က Server ျဖစ္သြားျပန္ေရာ ။ ဒီေတာ႕ Peer Network
မွာ Decidated Server ဆိုတာမရွိဘူး ။ Decidated Server ဆုိတာ အဲ႕ဒီကြန္ပ်ဴတာက တစ္ခ်ိန္လံုး Server အလုပ္
ႀကီးကိုဘဲ သက္သက္လုပ္ေနတာကို ေျပာတာ။အဲ႕ဒီလိုမရွိဘူး။တစ္ခ်ိန္မွာ ကိုယ္ကေတာင္းခံရင္း Client ျဖစ္သြားသလို
တစ္ခ်ိန္မွာ ကိုယ္က ပံ႕ပိုးရင္ Server ျဖစ္သြားျပန္တယ္။ ဒါေၾကာင္႕ Peer Network ကို Workgroup လို႕လဲ ေခၚတယ္။
ဆိုလိုတာက သူငယ္ခ်င္းကိုကိုယ္က စာျပေပးတယ္။သူနားမလည္လို႕ထားပါေတာ႕ ဒီေတာ႕ကိုယ္က Server တစ္ခါ ၊
ကိုယ္နားမလည္ စာၾကေတာ႕ ကိုယ္က ျပန္ေမးရျပန္ေရာ။ ဒီအခါကိုယ္က Client ျဖစ္သြား ၿပီ။
ဒီေတာ႕ေျပာခ်င္တာက Peer Network မွာ Server ဆိုၿပီး သက္သက္မရွိဘူး။စက္တလံုးဟာ Server လည္းျဖစ္သြားႏိုင္သလို Client လည္းျဖစ္သြားႏိုင္ပါတယ္။ Centralized စနစ္မဟုတ္ဘူး။ ဗဟိုကေန ထိန္းခ်ဳပ္ေပးတဲ႕စနစ္မဟုတ္ဘူး ဒီေတာ႕ အသံုးျပဳသူ User ဟာ သူ႕ကြန္ပ်ဴတာထဲမွာ ရွိတဲ႕ Resourse ေတြကို အသံုးျပဳခ်င္တယ္ဆိုရင္ Local Userဟုေခၚၿပီး ဒီကေန တျခား ကြန္ပ်ဴတာဆီက Resourse ေတြကိုဘဲ အသံုးျပဳတယ္ဆိုရင္ ဒါကို Remote User လို႕ ေခၚပါတယ္။
ေနာက္တစ္ခုက Peer Network အတြက္ NOS ဆိုတဲ႕ Network Operation System သီးျခားမလိုအပ္ပါဘူး ။ကိုယ္႕စက္မွာ အသံုးျပဳေနတဲ႕ Microsoft Windows နဲ႕တင္ Peer Network တစ္ခုကို တည္ေဆာက္လို႕ရ ေနပါၿပီ။
ေနာက္တစ္ခုထပ္ေျပာခ်င္တာက Peer Network တစ္ခုမွာ ကြန္ပ်ဴတာ(၅)လံုး ရွိရင္ အဲ႕ဒီ ကြန္ပ်ဴတာ ၅လံုး စလံုး က အေၾကာင္းအရာ ေတြကို ကိုယ္စီကိုယ္ငွ Share လုပ္ထားၾကပါတယ္။ ဒီကြန္ပ်ဴတာ တစ္လံုးကအေၾကာင္းအရာကို အျခား
တစ္လံုးက ေခၚၾကည္႕လိုရသလို တတိယေျမာက္ လူကလည္းတျခားကြန္ပ်ဴတာ တစ္လံုးဆီက အေၾကာင္းအရာ ကိုယူၾကည္႕လို႕ ရျပန္ေရာ ။တကယ္႕ကိုအတြင္းသိအဆင္းသိ ေတြေပါ႕။ ဒါေၾကာင္႕ သူက Sharing ေတာ႕ေကာင္းတယ္။
Security အရမေကာင္းဘူး။ Security လိုအပ္တဲ႕ ေနရာေတြမွာ Peer Network ကို မသံုးသင္႕ဘူး။ေနာက္ၿပီး Peer Net
work က ကြန္ပ်ဴတာအလံုးေရသိပ္မ်ားလားရင္လည္းမေကာင္းေတာ႕ဘူး။
အခ်ဳပ္ေျပာရရင္ Peer Network မွာခ်ိတ္ဆက္ ထားတဲ႕ ကြန္ပ်ဴတာေတြက လုပ္ပိုင္ခြင္႕ဆိုတဲ႕ Rights ကိုတူညီစြာ ပိုင္ဆိုင္ၾကပါတယ္။ တစ္လံုးတည္းမွာပဲ လုပ္ပိုင္ခြင္႕ကို Centralized လုပ္ထားတာမ်ိဳး မရွိပါဘူး။ ကိုယ္က တျခား တစ္ေယာက္စီကအခ်က္အလက္ေတြကိုလိုခ်င္တဲ႕အခါ မွာကုိယ္က ၀န္ေဆာင္မႈကို ေတာင္းခံတဲ႕ သူျဖစ္သြားျပီး တျခားသူက ကိုယ္႕ဆီက အခ်က္အလက္ေတြကို ျပန္လိုခ်င္တဲ႕အခါ ကိုယ္က ကပံ႔ပိုးျပန္ျဖစ္သြားျပန္ေရာ တစ္ခ်ိဳ႕လုပ္ငန္းေတြမွာ အခ်က္အလက္ေတြကိုကြန္ပ်ဴတာတစ္လံုးႏွင္႕ တစ္လံုးဖလွယ္ ဖို႕လိုအပ္ ေသာ္လည္း လုပ္ငန္းသေဘာအရ အခ်က္အလက္ လံုၿခံဳဖို႕မလိုအပ္ပါက အခုလိုPeer to Peer Network ဆင္ရံုနဲ႕လိုအပ္ပါတယ္။ ဆိုလိုခ်င္တာက Peer to Peer ဟာအခ်က္အလက္ေတြကို ဖလွယ္လို႕ရေသာ္လည္းSecurity အရ ဆိုရင္အားနည္းလို႕ပါ။ ေနာက္ၿပီး Network Operation System သီးျခားမလိုအပ္ပါဘူး။
Peer Network ၏ေကာင္းက်ိဳးမ်ား
၁။ လြယ္ကူစြာတပ္ဆင္ႏိုင္ျခင္းႏွင္႕ Configure လုပ္ႏိုင္ျခင္း
၂။ ကြန္ပ်ဴတာ တစ္လံုးျခင္းစီကိုက Dedicated Server ေပၚမမွီခိုဘဲသီးျခားစီရပ္တည္ႏိုင္ျခင္း။
၃။ အသံုးျပဳသူတစ္ဦးခ်င္းစီကိုက ကိုယ္႕ပိုင္ဆိုင္မႈမ်ားကို ခြဲေ၀ေပးျခင္း။
၄။ ကုန္က်စရိတ္သက္သာျခင္း ။
၅။ သီးျခားပစၥည္းမ်ား Software မ်ားမလိုအပ္ျခင္း။ ဥပမာ Network Operation System
၆။ ၎ Network ၾကီးပံုမွန္ အလုပ္လုပ္ေနေအာင္သီးျခား Administarator မလိုအပ္ျခင္း။
Peer Network ၏အားနည္းခ်က္မ်ား
၁။ Security အားနည္းျခင္း
၂။ ခြဲေ၀အသံုးျပဳမည္႕ Resourse မ်ားသည္ Single Password ႏွင္႕မထိန္းခ်ဳပ္ႏိုင္ျခင္း
၃။ Data မ်ားကို Backup ျပဳလုပ္ရာတြင္လည္း ကြန္ပ်ဴတာတစ္လံုးခ်င္းစီ မွသီးျခားစီျပဳလုပ္
ေနရျခင္း
၄။ အသံုးျပဳသူတစ္ဦးက အျခားကြန္ပ်ဴတာတစ္လံုးစီမွ Resourse မ်ားကိုလွမ္းယူလိုက္တုိင္း
အသံုးခံရသည္႕ တစ္နည္းအားျဖင္႕ ပံ႔ပိုးေပးရသည္႕ကြန္ပ်ဴတာမွာ Performance က်သြားျခင္း
၅။ အျပန္အလွန္ဖလွယ္ ေနျခင္းေၾကာင္႕ ဗဟိုထိန္းခ်ဳပ္မႈစနစ္မရွိျခင္း။
၆။ ကြန္ပ်ဴတာ (၁၀) လံုးထက္ ပို၍အသံုးျပဳလွ်င္ မသင္႕ေတာ္ျခင္းတုိ႕ေၾကာင္႕ျဖစ္သည္။
Server Based Network ဆိုတာ
ကြန္ရက္တစ္ခုမွာ အသံုးျပဳတဲ႕သူေတြကိုလိုအပ္တာေတြပံ႔ပိုးေပးဖို႕သီးျခား Dedicated Server ထိုင္လိုက္ၿပီဆိုရင္ေတာ႕ဒါဟာ Server Based Network ျဖစ္သြားၿပီေပါ႕ ။Server Based Network ဆိုတာကၽြန္ေတာ္တို႕သိခဲ႕ၾကတဲ႕ Client Server Nerwork ပါဘဲ။ဒီ Network ေတြမွာဆိုရင္ resources ေတြေပးသံုးေပမယ္႕ ကၽြန္ပ်ဴတာ(Server) ႏွင္႕ resources ေတြယူသံုးမယ္႕ ကြန္ပ်ဴတာ(Client)ဆိုၿပီး ကြဲျပားမႈရွိလာပါတယ္။တကယ္႕ Client /Server Network အစစ္ေတြမွာဆိုရင္ resource ေတြကို server ကြန္ပ်ဴတာထဲမွသာ ထားရွိၿပီး၎တို႕ကိုClient ကြန္ပ်ဴတာမ်ားမွ access လုပ္ရပါတယ္။ Client ကြန္ပ်ဴတာအခ်င္းခ်င္း တိုက္ရိုက္ Share ေပးလို႕မရပါဘူး။Server ကိုၾကားခံအျဖစ္ အသံုးျပဳရပါတယ္။ Network အတြင္း Login ၀င္ေရာက္အသံုးျပဳခြင္႕ရရန္ လိုအပ္တဲ႕ username,password တို႕ႏွင္႕ Login ၀င္ေရာက္ၿပီးတဲ႕အခါ ဘယ္ folder ေတြကိုဖြင္႕ၾကည္႕ခြင္႕ရွိတယ္ မရွိဘူးအစရွိတဲ႕ access right ေတြကို database ေဆာက္ၿပီး server ကြန္ပ်ဴတာထဲမွာ သိမ္းဆည္းထားပါတယ္။ဒါေၾကာင္႕ Client/Server Network ထဲမွာရွိတဲ႕ ကြန္ပ်ဴတာမ်ားသည္ ကိုယ္တုိင္စီမံပိုင္ခြင္႕ မရွိၾကပါဘူး decision အားလံုးကို ဗဟုိကေနၿပီးထိန္းခ်ဳပ္ပါတယ္။ေနာက္တစ္ခုက Sever Based Network ေတြဟာ NOS ကိုလိုအပ္ပါတယ္။
၎ NOS ကို Server မွာ Install လုပ္ရမွာျဖစ္ပါတယ္။ အခ်ဳပ္ေျပာရရင္ Client Server Network မွာေတာ႕ ကြန္ရက္ႀကီးတစ္ခုလံုးကို စက္တလံုးက Network Operating System ကိုအသံုးျပဳၿပီး ေတာ႕ထိန္းခ်ဳပ္ေနပါတယ္။အဲ႕ဒီစက္ကေတာ႕ Server ပဲျဖစ္ပါတယ္။
Server မွာဘဲ အသံုးျပဳမယ္႕ User Accounts ေတြ Passwords ေတြ လုပ္ပိုင္ခြင္႕ Access Rights ေတြကို Centralized အေနနဲ႕သိမ္းထားတာေၾကာင္႕ကြန္ရက္ကိုခ်ဳပ္ကိုင္ရတာလြယ္ကူၿပီး Security တင္းက်ပ္မႈရွိလွပါတယ္။ အဲ႕ဒီလိုျဖစ္စဥ္ကို Microsoft Windows NT, Windows Server 2000 or2003 မွာ ၎ကို Domain Model လို႕ေခၚပါတယ္။ တနည္းအားျဖင္႕ ၎ကို Active Directory လို႕ေခၚပါတယ္။ထပ္ၿပီးရွင္းျပပါအံုးမယ္။ Sever Based Network ေတြဟာ Single Logon ျဖစ္ပါတယ္။ဆိုလိုတာက အဲ႕ဒီလူတစ္ေယာက္ ဟာဘယ္ကြန္ပ်ဴတာ ထိုင္ထိုင္ဒီ Logon ေလးတစ္ခုကိုဘဲအသံုးျပဳၿပီး၀င္လို႕ရပါတယ္။ဆိုလိုတာက အဲ႕ဒီ User ေတြဟာ ကြန္ပ်ဴတာအလံုး (၂၀) ရွိလို႕ အဲ႕ဒီကြန္ပ်ဴတာတိုင္းမွာ ထိုင္သံုးလို႕ Logon Nameအခု(၂၀) ရွိစရာမလိုပါဘူး Logon Name တစ္ခုတည္းနဲ႕ပဲမည္သည္႕ စက္ကေနမဆို Access လုပ္လို႕ရပါတယ္။ဒါဟာထိန္းခ်ဳပ္ရတာ အင္မတန္လြယ္ကူသြားတာေပါ႕ ။ဒါကိုဘဲ Centralized ဗဟုိထိန္းခ်ဳပ္မႈစနစ္ လို႕ေခၚတာပါ။ Peer Network က်ေတာ႕ အဲ႕ဒီလို မဟုတ္။အဲ႕ဒီလူတစ္ေယာက္ဟာ ကြန္ပ်ဴတာအလံုး ၂၀ ရွိလို႕ အဲ႕ဒီအလံုးေပါက္ေစ႕တိုင္းမွာ ထိုင္သံုးတဲ႕အခါမွာ Logon Name နဲ႕ Password ကိုတစ္ခုမက အမ်ားၾကီးသံုးလို႕ရတယ္။
Sever Based Network ၏ေကာင္းက်ိဳးမ်ား
၁။ User Account, Security,Access Control စတာေတြဟာဗဟိုထိန္းခ်ဳပ္မႈျဖစ္တာေတြေၾကာင္႕ ကြန္ရက္ကိုအုပ္ခ်ဳပ္ရတာလြယ္ပါတယ္။
၂။ Server ကိုသက္သက္ထားၿပီး တကယ္႕ကိုစြမ္းအားျမင္႕ ပစၥည္းေတြကို သံုးထားတာေၾကာင္႕ Network ရဲ႕ Resources ကိုသံုးစြဲရာမွာ Efficient ျဖစ္ေစပါတယ္။
၃။ Network မွာရွိတဲ႕ Resources ေတြကို သံုးစြဲတဲ႕အခါမွာ Network ကိုLogon တစ္ခါ၀င္ထားရံုနဲ႕လုပ္ႏိုင္ပါတယ္။
၄။ အသံုးျပဳမႈမ်ားသည္ျဖစ္ေစ အရင္းအျမစ္မ်ားကို အသံုးခ်မႈမ်ားသည္ျဖစ္ေစ Server Based Network က Handle လုပ္ႏိုင္ပါတယ
Sever Based Network ၏ အားနည္းခ်က္မ်ား
၁။ အဆိုးရြားဆံုးကေတာ႕ Sever Failure ျဖစ္သြားရင္ Network ႀကီးတစ္ခုလံုး အလုပ္လုပ္လို႕မရေအာင္ ျဖစ္သြားေတာ႕တာပါဘဲ။
၂။ ကုန္က်စရိတ္ေတြပိုမ်ားပါတယ္။ ကၽြမ္းက်င္၀န္ထမ္းေတြလည္း ရွိဘို႕လိုအပ္ပါတယ္။ဘာလို႕လည္းဆိုေတာ႕ Sever ကိုသီးသန္႕ ထားရျခင္း ၎အတြက္ NOS မ်ားတပ္ဆင္ရျခင္းတို႕ေၾကာင္႕ျဖစ္ပါတယ္။
Sever Based Network ကိုအေၾကာင္းျပဳၿပီး ပိုၿပီးနားလည္သြားေအာင္ Domain Model ႏွင္႕ WorkGroup Model ကိုဆက္ၿပီးရွင္းပါ႕မယ္။
Workgroup Model -သူက Single Point မဟုတ္ဘူး။Windows NT ကြန္ပ်ဴတာတစ္လံုးခ်င္းစီမွာ ကိုယ္ပိုင္ Directory နဲ႕ Database ရွိရမယ္အသံုးျပဳသူဟာ Logon လုပ္လိုက္တာနဲ႕ လက္ရွိအသံုးျပဳေနတဲ႕ ကြန္ပ်ဴတာထဲ မွာဘဲ Database ကိုသြားစစ္ၿပီး၀င္ခြင္႕ေပးလိုက္ပါတယ္။ ဒီေတာ႕
အဲ႕ဒီ အသံုးျပဳသူဟာ ေနာက္ကြန္ပ်ဴတာတစ္လံုးကိုသြားၿပီး အသံုးျပဳေတာ႕မယ္ဆိုရင္ အဲ႕ဒီအသံုးျပဳသူရဲ႕ Database တစ္နည္းအားျဖင္႕ Accounts ဟာ အဲ႕ဒီစက္မွာလည္းရွိေနပါတယ္။ မရွိရင္သံုးလို႕မရဘူး။ဒါေၾကာင္႕မို႕ Single Point မဟုတ္ဘူးလို႕ေျပာတာ။
Domain Model -လုိအပ္တဲ႕ Directory Services Database ကို Domain Controller မွာ ဘံုထားၿပီး အသံုးျပဳသူေတြက Share လုပ္ၿပီးသံုးပါတယ္။ဒါေၾကာင္႕ဒါဟာ Single Adminstartion ပါဘဲ။
Server မ်ား
Server ဆိုသည္မွာလည္းအသံုးခ်မႈအေပၚ မူတည္ၿပီးအမ်ိဳးမ်ိဳး ရွိပါတယ္။ ဆိုလိုတာက Server တစ္လံုးထဲကိုလုပ္ငန္း
မ်ိဳးစံုသံုးေနရင္ မႏိုင္မနင္းျဖစ္မွစိုးတဲ႕အတြက္ေၾကာင္႕မို႕လို႕ လုပ္ငန္းအေပၚမူတည္ၿပီး Server ေတြလည္းကြဲျပားပါတယ္။
Domain Controller (Directory Server) အေၾကာင္း
၎ Server ေတြမွာDirectory Services ဆိုတာရွိတယ္။သူကဘာလုပ္ေပးလည္းဆိုေတာ႕ အသံုးျပဳသူေတြကို Network မွာရွိတဲ႕ Resources ေတြကိုအသံုးခ်ရာ၌ လံုျခံဳစိတ္ခ်မႈရွိေအာင္ စိစစ္ေပးရ ျခင္း ၎တို႕ႏွင္႔ပတ္သက္တဲ႕ Infor-
Mation ေတြကိုသိမ္းဆည္းေပးျခင္းစတာေတြကို လုပ္ေဆာင္ရပါတယ္။အသံုးျပဳသူေတြဟာ ကြန္ရက္အတြင္းမွာ ရွိတဲ႕ဘယ္
Resources ကိုမဆိုသံုးႏိုင္ေအာင္ ကြန္ပ်ဴတာေတြကို Logical နည္းအရ ေပါင္းစည္းထားပါတယ္။ အဲ႕ဒါကို Domain လို႕ေခၚ
ပါတယ္။ ဘယ္ User မဆိုသက္ဆိုင္ရာ Domain အဖြဲ႕၀င္ႏိုင္ငံျဖစ္ႏိုင္ၿပီး ၎ Domain အတြင္းရွိ Resources မ်ားႏွင္႕ Information မ်ားကိုယူသံုးႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ္႕ အဲ႕ဒီအသံုးျပဳသူဟာ Domain ကို Logging လုပ္ရမွာျဖစ္ပါတယ္။ အဲ႕ဒီလို Logging လုပ္ဘို႕ Logon Services ေတြကြန္ပ်ဴတာႏွင္႕ User ေတြကို Domain ထဲမွာ စုစည္းေပးထားတဲ႔ တနည္း
အားျဖင္႕ Handle လုပ္ေပးတဲ႔ Server ကို Controller သို႕မဟုတ္ Directory Server လို႕ေခၚပါတယ္။
File and Print Server အေၾကာင္း
File and Print Server ကေတာ႕ အဓိကအားျဖင္႕ Network မွာ File ေတြကိုသိမ္းေပးထားျခင္းျပန္ေခၚျခင္းစတဲ႕၀န္
ေဆာင္မႈေတြ Network Printer ေတြကိုအသံုးျပဳမႈစတာေတြကို အဓိကထားပံ႕ပိုးေပးရတာျဖစ္တယ္။၎ဟာအသံုးခ်မယ္႕
Software ေတြကိုအသံုးျပဳသူဟာမိမိထိုင္ေနတဲ႕ စက္မွာပင္အသံုးျပဳႏိုင္ပါတယ္။ Datafile ေတြကိုသိမ္းဆည္းတဲ႕အခါၾကေတာ႕
File Server မွာသြားသိမ္းေစတာျဖစ္ပါတယ္။ ၎ File and Print Server ေတြကို File Storage အတြက္လည္းအသံုးျပဳႏိုင္ပါ
တယ္။
Application Server အေၾကာင္း
Application Server က်ေတာ႕ Client Server Application ေတြကိုအသံုးျပဳသူ Client ေတြဘက္က အသံုးခ်လို႕ရ
ေအာင္ Server ဘက္ကပံ႕ပိုးေပးတာျဖစ္တယ္။ အဲ႕ဒီအျပင္သူက ဥပမာ Database Server ဆိုပါေတာ႕-- လိုအပ္တဲ႕ Data
ေတြကို analysis လုပ္ျခင္းႏွင္႕ ရွာေဖြမႈေတြျဖစ္တဲ႕ Qurey Processing ေတြကိုဘဲပံ႕ပိုးေပးတာမဟုတ္ဘဲ အဲ႕ဒီ Database
ႀကီးရဲ႕ေျမာက္မ်ားစြာလွစြာေသာ Data ေတြကိုပါ သိုေလွာင္သိမ္းဆည္းထားရာဌာနအျဖစ္လည္းလုပ္ေဆာင္ေပးပါတယ္။
ေနာက္တစ္ခုက Application Server ေတြဟာ File and Print Server ေတြနဲ႕မတူညီတဲ႕အခ်က္ ကသူဟာလုပ္ငန္းအတြက္
လုပ္ေဆာင္ရာမွာ လိုအပ္တဲ႕ ၀န္ေဆာင္မႈေတြ ကိုပံ႕ပိုးေပးရံုသာမက Client ေတြဘက္က Fiile and Print Server ေတြကို
လည္းပံ႔ပိုးတယ္။
ဆက္လက္ေဖာ္ျပပါမည္
Unicode
Network ဘယ်ကစသလဲလို့မေးလာရင်တော့ networkအစကွန်ပျူတာကလို့ပြောရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာတွေမပေါ်ခင်တုန်းက network ဆိုတာမရှိခဲ့ပါဘူး နည်းနည်လေးထပ်ပြောရရင်ပထမဆုံးကွန်ပျူတာ တစ်လုံးကိုတီထွင်ခဲ့ချိန်ထိလည်း network ဆိုတာမရှိသေးပါဘူး ဒုတိယမြောက် ကွန်ပျူတာရယ်လို့ပေါ်လာတဲ့အချိန်ကစပြီး တဖက်ကွန်ပျူတာ ထဲမှာ ရှိနေတဲ့ တွေ folder တွေကို မိမိကွန်ပျူတာထဲမှာရှိနေသကဲ့သို့ ထိုင်ရာမထယူငင်အသုံးပြုနိုင်အောင်နည်းလမ်းအမျိုးမျိုးတို့ဖြင့် တီထွင်ကြံဆခဲ့ကြတယ်။
သူ့ရဲ့သဘောကတော့ ရှင်းရှင်းလေးပါဘဲ တဖက်ကွန်ပျူတာထဲမှာ ရှိနေတဲ့ information တွေကို လူကိုယ်တိုင် သယ်ဆောင် ဖလှယ်စရာမလိုဘဲ ဒီဘက်ကွန်ပျူတာကနေထိုင်ရာမထ ဘဲ ယူနိုင်သုံးနိုင်ရင် အဲ့ဒါ network ဖြစ်ပါတယ်။ ထိုကဲ့သို့ information တွေတဖက်နှင့်တဖက် အပြန်အလှန်ဖလှယ်နိုင်အောင် ဘာတွေလိုအပ်သလဲ။ကဲ---ဆက်လက်လေ့လာကြရအောင်။
Network Medium ကြားခံဆက်သွယ်ရေးပစ္စည်းများ
Network Medium ဆိုတာ ကွန်ပျူတာတွေကို ကွန်ရက်ရိုက်တဲ့အခါ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံးကိုကြားခံချိတ်ဆက်ပေးတဲ့ပစ္စည်းကိုခေါ်တာဖြစ်ပါတယ်။ဒီကြားခံပစ္စည်းဟာ
Network cable ကြိုးတွေဘဲဖြစ်ပါတယ်။ ၎င်းတို့ဟာ Metallic Cable ဒါမှမဟုတ်Fiber Optic Cable တို့
ဖြစ်ကြပါတယ်။Metallic Cable ဆိုတာ Coaxial Cable နှင့် တယ်လီဖုန်းကြိုးတို့ ဖြစ်ကြပါတယ်။
အဲ့ဒီအပြင်ခုနောက်ပိုင်းတွင် ကြိုးတွေကို အသုံးမပြု တော့ဘဲ Wireless ဆိုတဲ့ ကြိုးမဲ့ကွန်ယက်
တွေကိုလည်း ချိတ်ဆက် အသုံးပြု လာကြပါတယ်။နောက်တစ်ခုက ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး
က Network ကြိုးနှင့် ချိတ်ဆက်တယ်ဆိုပေမယ့် ဒီကြိုးတွေ လာရောက်တပ်ဖို့ကကွန်ပျူတာမှာ
NIC ဆိုတဲ့ Network Interface Card (Nerwork Card) တော့ရှိ ရမှာပေါ့ ။ ဒီတော့ ကွန်ပျူတာ
တစ်လုံးနှင့်တစ်လုံးသို့ Network Card တွေ Network ကြိုးတွေ Network ခေါင်းတွေ စတဲ့
Network Medium တွေကို အသုံးပြု ပြီး Data တွေကို Carries လုပ်ကြတာ ဖြစ်ပါတယ်။
Network Protocols ဆက်သွယ်ရေးအရာရှိ
ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး Network Card တွေစိုက် Network ကြိုးတွေချိတ် လုပ်လိုက်ရုံနဲ့ Network တစ်ခုဖြစ်မလာပါဘူးcomputer တစ်လုံး communicate ဖြစ်ဖို့ရာ အခြားကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်မိသွားဘို့ဆိုတာ rule လေးတစ်ခုလောက် တော့လိုတယ်နော်။ဆိုတာ အခြားတစ်ဘက်က ပြောလိုက်တာကို တစ်ဖက်က ဘယ်လိုဘာသာပြန်လဲပေါ့ နောက်ပြီး တစ်ဘက်နဲ့တစ်ဘက် ဘယ်လို initiate လုပ်ကြလဲပေါ့ ဒီလို Network တစ်ခုမှာကွန်ပျူတာတွေ တစ်လုံးနှင့်တစ်လုံးကြားCommunicate လုပ်ဖို့က ဥပဒေသ တွေ rule တွေပါတဲ့ software တစ်ခုလိုသဗျ။ ဒါဟာဘာလဲဆိုတော့ Protocols ဘဲပေါ့။ Protocols ဆိုတာ ကCommunicate ကိုထိန်းချူပ်ပေးတဲ့ Software တစ်ခု ဖြစ်တယ်။
ဒီတော့ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး ကြိုးလေးချိတ်ဆက်ထားရုံ Network Card တွေ တပ်ထားရုံနဲ့မပြီး ဘဲ Communicate ဖြစ်မြောက်ဘို့အတွက် Protocol ဆိုတာလိုအပ်တယ်။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Inernet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
(၃) IPX/SPX (Internetwork Packet Exchange /Sequence Packets Exchange ) စသည်
တို့ဖြစ်ကြတယ်။ တစ်ခြား သုံးတာတွေလည်းရှိပါသေးတယ်
Network Software ထိန်းချုပ်မည့်စနစ်
Network ကိုကွန်ပျူတာတစ်လုံးနှင့်တစ်လုံးချိတ်ဆက်ထားရုံနဲ့ NIC card တွေတပ်ဆင်ထားရုံနဲ့ နောက် Protocol လေးတင်ထားရုံနဲ့ တင်မရပါဘူး ။ကိုယ်တပ်ဆင်မယ့် Network က Client / Sever Network မျိုး ဆိုရင်ပေါ့။ အဲ့ဒီလိုClient / Sever Network တွေမှာဆိုရင် Network ကြိုးတွေNetwork Card တွေ Network Protocol တွေနဲ့တင်မလုံလောက်တော့ပါဘူး။Network Software ဆိုတာကြီးကလဲလိုလာပြန်ပါတယ်။ အဲ့ဒီNetwork Software ဆိုတာတခြားမဟုတ်ပါဘူး။ Network Operation System (NOS) ပါဘဲ။ဒီ NOS ဟာ ဘယ်ကွန်ပျူတာ၊ဘယ်အသုံးပြုသူ User ကတော့ဖြင့် Network ရဲ့ဘယ် Resoures ကို အသုံးပြုမယ် စတာတွေကို ထိန်းချုပ်ပေးရပါတယ်။ အဲ့ဒီ NOS တွေက တော့ဥပမာအားဖြင့် Microsoft Windows NT,Microsoft Windows Server 2003 စတာတွေပေါ့ ။အဲ့ဒီထဲမှာမှ Windows NT Server ,Windows Server 2003 ,Novell Netware 5.1 တို့ဟာ Serverversion တွေဖြစ်ကြပြီး တဖက်က Client တွေကတော့ Microsoft Windows NT Workstations, Windows 2000 Professional ,Window XP, တို့ဖြစ်နိုင်
ကြပါတယ်။
Network Services ကွန်ရက်ဝန်ဆောင်မှု
Network Services ဆိုတာ ကွန်ရက်က လုပ်ဆောင်ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ် အဲ့ဒါတွေကတော့
၁) File Services
၂) Print Services
၃) Communication Services
၄) Electronic Mail တို့ဖြစ်ကြပါတယ်။
ဒီ Services တွေကို ဘယ်သူကဘယ်သူ့ကို ပေးသလဲနေတာလဲ။ ဒါလဲသိဖို့လိုတယ်။ဒီတော့ ဒီ နေရာမှာဝန်ဆောင်မှုကို ပံ့ပိုးသူနဲ့ ဝန်ဆောင်မှုကိုတောင်းဆိုတဲ့သူ ဆိုပြီးရှိပါတယ်။ Services Providers နဲ့ Services Requester ပေါ့ဗျာ။ Service Provider ဆိုတာ ကဝန်ဆောင်မှုကိုပံ့ပိုးတဲ့သူ ။Services Requester ဆိုတာက ဝန်ဆောင်မှုကို တောင်းဆိုတဲ့သူ အလိုရှိတဲ့သူပေါ့။ ဥပမာပြောရရင် လ္ဘက်ရည်ဆိုင်မှာ ပေါ့ စားသုံးသူလာမယ်။ လ္ဘက်ရည်မှာမယ်။မုန့်မှာမယ်။ ဒါဝန်ဆောင်မှုကိုတောင်းဆိုတာဘဲ။ Services Requester ပေါ့ စားသောက်ဆိုင်က စားသုံးသူကို ပံ့ပိုးပေးရတာဆိုတော့ Service Provider ပေါ့ ။Services Requester တွေက ကြိုက်တဲ့ မုန့်ကိုကြိုက်သလိုမှာစားလို့ရတယ်။ အဲ့ဒီအပြင်မှာစားတဲ့အရေအတွက်ရော မှာ စားတဲ့ဦးရေကောများမှာ ဖြစ်တယ်။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်ကတော့တစ်ဆိုင်တည်း ။ ဒီတော့ Services Requester မှာ မှာသမျှ ကိုအားလုံး မလစ်ဟင်းအောင် လုပ်ပေးနိုင်ဘို့က Service Provider ကအင်အားတောင့်တင်းနေမှ ဖြစ်မှာပေါ့။ Service Provider နှင့် Services Requester မှာအောက်ပါတို့ပါဝင်ပါတယ်။
သူတို့ကတော့
၁) Server သူကတော့ Service Provider သက်သက်ပါ
၂) Client သူကတော့ Service Requester သက်သက်ပါ ။ဘယ်သူကိုမှ Service Provider မလုပ်ပါဘူး
၃) Peer သူက တော့ Service Provider လဲလုပ်ပါတယ်။ Service Requester လဲလုပ်ပါတယ်။
Network Types ကွန်ရက်အမျိုးအစားများ
ကွန်ရက်အမျိုးအစားကိုခွဲပြရမယ်ဆိုရင် (၂)မျိုးရှိသဗျ။ အဲ့ဒါကတော့
၁။ Peer to Peer Network
၂။ Client Server Network (Server ကို Based အခြေပြုထားသော Network)
ရယ်လို့ (၂)မျိုး ရှိပါတယ်။ ဒီမှာတော့ ကျွန်တော်က Server Based Network ကိုဘဲ အဓိက ထာားဖော်ပြသွားမှာဖြစ်ပါတယ်။
အဲ့ ဒီ ဆာဗာ နှစ်မျိုးလုံးအကြောင်းကိုမလေ့လာခင့်မှာ Server ဆိုတာဘာလဲ Workstation ဆိုတာဘာလဲ စတာတွေကို တင်ပြချင်တယ်။
Server ပံ့ပိုးမည့်သူ
Server ဆိုတာဝန်ဆောင်မှု တောင်းဆိုတဲ့သူတွေကို ဝန်ဆောင်မှု ပံ့ပိုး ပေးရတဲ့ အလုပ်တွေကို လုပ် ပါတယ်။ သူကတစ်ဖက် သတ်ပါ။ သူကနေ ဝန်ဆောင်မှု ပြန်မယူပါဘူး သူက ဝန်ဆောင်မှု ပေးတဲ့အလုပ်ကိုပဲ လုပ်ပါတယ်။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်ဥပမာအတိုင်း ဝန်ဆောင်မှုကိုတောင်းဆို မယ့်သူ ကတောင်းသလောက် ပေးနိုင်အောင်Server က အင်အားတောင့် တင်းဖို့လိုပါတယ်။ ဥပမာ Multi Processor သုံးဘို့လိုကောင်းလိုမယ်။ RAM က ECC ပါဘို့လိုကောင်းလိုမယ်။ Hard Disk က SCSI ဖြစ် ဖို့လိုကောင်းလိုမယ်။အမြင့်ဆုံးနဲ့ အမြန်ဆုံးဖြစ်ဘို့လိုအပ်ပါတယ်။ အောက်မှာ Server အမျိုးအစားတွေကို ဖော်ပြပေးထားပါတယ်။ Server တစ်မျိုးချင်းစီဟာ သက်ဆိုင်ရာ တာဝန်တစ်ခု ကိုပဲလုပ်ကြပါတယ်။
၁) File Server ဖိုင်များကိုသိမ်းဆည်းပေးထားခြင်း နှင့်တောင်းခံရင်းဖြန့်ဖြူးခြင်း
၂) Print Server ကွန်ရက်မှာရှိတဲ့ Print များကိုထိန်းချုပ်ခြင်းနှင့် အုပ်ချုပ်ခြင်း
၃) Proxy Server တခြား ကွန်ပျူတာကိုယ်စားလှယ် လုပ်ငန်းတွေကို လုပ်ဆောင်ပေးထားပါတယ်။ဆိုလိုတာက ကိုယ်စားလိုဆိုလိုချင်တာပါ။
၄) Application Server -ကွန်ရက်မှာ အသုံးပြုမယ့် Application တွေနဲ့ပတ်သက်လို့ ဝန်ဆောင်မှု ပေးထားပါတယ်။
၅) Web Server - Web Page နဲ့တခြား Web Content တွေကို သိမ်းထားပေးခြင်း နှင့် Hypertext Transfer Protocol (HTTP) ကိုအသုံးပြုပြီးတော့ လိုရာသို့ ပေးပို့ခြင်း။
၆) Mail Server - Email များကိုလက်ခံခြင်းနှင့် ပေးပို့ခြင်းတို့ကို လုပ်ဆောင်ပေးခြင်း။ အဲ့ဒီအပြင် Fax Server ,Remote Access Server ,Telephone Server တို့ဆိုတာရှိပါသေးတယ်။
Workstation တောင်းခံမယ့်သူ
Workstation ဆိုတာ ဝန်ဆောင်မှုတောင်းဆိုတဲ့သူဖြစ်ပါတယ်။ ဒီနေရာမှာ Workstation ဆိုတာနဲ့ Client ဆိုတာကွဲပြားအောင်ပြောဆိုရပါအုံးမယ်။ ကွန်ရက်မှာ ချိတ်ဆက်ထားတာတွေက ကွန်ပျူတာချည်း ပဲဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ကွန်ပျူတာအပြင် ပရင်တာတွေလည်းပါနိုင်တယ်လေ။ ကွန်ရက်တခုမှာ လိုအပ်ချက်တွေကို တောင်းခံသူအားလုံး ဟာ Clientပါ ။ဆိုလိုချင်တာက ကွန်ရက်မှာရှိတဲ့ လိုအပ်ချက်တွေကို တောင်းဆိုသူတိုင်းပါ ။ကွန်ပျူတာ၊ပရင်တာအားလုံးပေါ့ ။ဒါ Client ပဲ။ ဒါပေမယ့် Workstation ဆိုတာကွန်ရက်ထဲက ဝန်ဆောင်မှုကိုတောင်းခံသူ ကွန်ပျူ တာတွေပါဘဲ ကွန်ပျူတာမဟုတ်တဲ့ တောင်းခံသူကိုတော့ Client လို့ခေါ်ပြီးတော့ ကွန်ပျူတာဆိုရင်တော့ Workstaion လို့ခေါ်ပါတယ်။ ဒီတော့ Workstationတိုင်းဟာ Client ဖြစ်တယ်။Client တိုင်းဟာ Workstation မဟုတ်ဘူး။
Peer to Peer Networking ဆိုတာ
Peer to Peer Networking ဆိုတာ ကွန်ရက်အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေဟာ တစ်ချိန်မှာ ဝန်ဆောင်မှုကိုတောင်း
ခံပြီးတော့ တစ်ချိန်မှာ သူဟာတစ်ခြားသူတောင်းခံတဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးတဲ့သူ ဖြစ်နိုင်ပါတယ်။ဆိုလိုတာက
သူလိုနေတဲ့အချိန်မှာ ကိုယ်ကပံ့ပိုးပေးပြီးတော့ ကိုယ်လိုနေတဲ့ အချိန်မှာ ကျတော့ ကိုယ်က ပြန်တောင်းခံရပြန်ကော
ဒီတော့ Peer Network မှာ ကိုယ်က တောင်းခံတဲ့သူလည်းဖြစ်နိုင်တယ်။ ပံ့ပိုးတဲ့သူလည်းဖြစ်နိုင်တယ်။ တောင်းခံတဲ့
အခါကျတော့ ကိုယ်က Client ပေါ့ ပံ့ပိုးတဲ့အခါကျတော့ ကိုယ်က Server ဖြစ်သွားပြန်ရော ။ ဒီတော့ Peer Network
မှာ Decidated Server ဆိုတာမရှိဘူး ။ Decidated Server ဆိုတာ အဲ့ဒီကွန်ပျူတာက တစ်ချိန်လုံး Server အလုပ်
ကြီးကိုဘဲ သက်သက်လုပ်နေတာကို ပြောတာ။အဲ့ဒီလိုမရှိဘူး။တစ်ချိန်မှာ ကိုယ်ကတောင်းခံရင်း Client ဖြစ်သွားသလို
တစ်ချိန်မှာ ကိုယ်က ပံ့ပိုးရင် Server ဖြစ်သွားပြန်တယ်။ ဒါကြောင့် Peer Network ကို Workgroup လို့လဲ ခေါ်တယ်။
ဆိုလိုတာက သူငယ်ချင်းကိုကိုယ်က စာပြပေးတယ်။သူနားမလည်လို့ထားပါတော့ ဒီတော့ကိုယ်က Server တစ်ခါ ၊
ကိုယ်နားမလည် စာကြတော့ ကိုယ်က ပြန်မေးရပြန်ရော။ ဒီအခါကိုယ်က Client ဖြစ်သွား ပြီ။
ဒီတော့ပြောချင်တာက Peer Network မှာ Server ဆိုပြီး သက်သက်မရှိဘူး။စက်တလုံးဟာ Server လည်းဖြစ်သွားနိုင်သလို Client လည်းဖြစ်သွားနိုင်ပါတယ်။ Centralized စနစ်မဟုတ်ဘူး။ ဗဟိုကနေ ထိန်းချုပ်ပေးတဲ့စနစ်မဟုတ်ဘူး ဒီတော့ အသုံးပြုသူ User ဟာ သူ့ကွန်ပျူတာထဲမှာ ရှိတဲ့ Resourse တွေကို အသုံးပြုချင်တယ်ဆိုရင် Local Userဟုခေါ်ပြီး ဒီကနေ တခြား ကွန်ပျူတာဆီက Resourse တွေကိုဘဲ အသုံးပြုတယ်ဆိုရင် ဒါကို Remote User လို့ ခေါ်ပါတယ်။
နောက်တစ်ခုက Peer Network အတွက် NOS ဆိုတဲ့ Network Operation System သီးခြားမလိုအပ်ပါဘူး ။ကိုယ့်စက်မှာ အသုံးပြုနေတဲ့ Microsoft Windows နဲ့တင် Peer Network တစ်ခုကို တည်ဆောက်လို့ရ နေပါပြီ။
နောက်တစ်ခုထပ်ပြောချင်တာက Peer Network တစ်ခုမှာ ကွန်ပျူတာ(၅)လုံး ရှိရင် အဲ့ဒီ ကွန်ပျူတာ ၅လုံး စလုံး က အကြောင်းအရာ တွေကို ကိုယ်စီကိုယ်ငှ Share လုပ်ထားကြပါတယ်။ ဒီကွန်ပျူတာ တစ်လုံးကအကြောင်းအရာကို အခြား
တစ်လုံးက ခေါ်ကြည့်လိုရသလို တတိယမြောက် လူကလည်းတခြားကွန်ပျူတာ တစ်လုံးဆီက အကြောင်းအရာ ကိုယူကြည့်လို့ ရပြန်ရော ။တကယ့်ကိုအတွင်းသိအဆင်းသိ တွေပေါ့။ ဒါကြောင့် သူက Sharing တော့ကောင်းတယ်။
Security အရမကောင်းဘူး။ Security လိုအပ်တဲ့ နေရာတွေမှာ Peer Network ကို မသုံးသင့်ဘူး။နောက်ပြီး Peer Net
work က ကွန်ပျူတာအလုံးရေသိပ်များလားရင်လည်းမကောင်းတော့ဘူး။
အချုပ်ပြောရရင် Peer Network မှာချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေက လုပ်ပိုင်ခွင့်ဆိုတဲ့ Rights ကိုတူညီစွာ ပိုင်ဆိုင်ကြပါတယ်။ တစ်လုံးတည်းမှာပဲ လုပ်ပိုင်ခွင့်ကို Centralized လုပ်ထားတာမျိုး မရှိပါဘူး။ ကိုယ်က တခြား တစ်ယောက်စီကအချက်အလက်တွေကိုလိုချင်တဲ့အခါ မှာကိုယ်က ဝန်ဆောင်မှုကို တောင်းခံတဲ့ သူဖြစ်သွားပြီး တခြားသူက ကိုယ့်ဆီက အချက်အလက်တွေကို ပြန်လိုချင်တဲ့အခါ ကိုယ်က ကပံ့ပိုးပြန်ဖြစ်သွားပြန်ရော တစ်ချို့လုပ်ငန်းတွေမှာ အချက်အလက်တွေကိုကွန်ပျူတာတစ်လုံးနှင့် တစ်လုံးဖလှယ် ဖို့လိုအပ် သော်လည်း လုပ်ငန်းသဘောအရ အချက်အလက် လုံခြုံဖို့မလိုအပ်ပါက အခုလိုPeer to Peer Network ဆင်ရုံနဲ့လိုအပ်ပါတယ်။ ဆိုလိုချင်တာက Peer to Peer ဟာအချက်အလက်တွေကို ဖလှယ်လို့ရသော်လည်းSecurity အရ ဆိုရင်အားနည်းလို့ပါ။ နောက်ပြီး Network Operation System သီးခြားမလိုအပ်ပါဘူး။
Peer Network ၏ကောင်းကျိုးများ
၁။ လွယ်ကူစွာတပ်ဆင်နိုင်ခြင်းနှင့် Configure လုပ်နိုင်ခြင်း
၂။ ကွန်ပျူတာ တစ်လုံးခြင်းစီကိုက Dedicated Server ပေါ်မမှီခိုဘဲသီးခြားစီရပ်တည်နိုင်ခြင်း။
၃။ အသုံးပြုသူတစ်ဦးချင်းစီကိုက ကိုယ့်ပိုင်ဆိုင်မှုများကို ခွဲဝေပေးခြင်း။
၄။ ကုန်ကျစရိတ်သက်သာခြင်း ။
၅။ သီးခြားပစ္စည်းများ Software များမလိုအပ်ခြင်း။ ဥပမာ Network Operation System
၆။ ၎င်း Network ကြီးပုံမှန် အလုပ်လုပ်နေအောင်သီးခြား Administarator မလိုအပ်ခြင်း။
Peer Network ၏အားနည်းချက်များ
၁။ Security အားနည်းခြင်း
၂။ ခွဲဝေအသုံးပြုမည့် Resourse များသည် Single Password နှင့်မထိန်းချုပ်နိုင်ခြင်း
၃။ Data များကို Backup ပြုလုပ်ရာတွင်လည်း ကွန်ပျူတာတစ်လုံးချင်းစီ မှသီးခြားစီပြုလုပ်
နေရခြင်း
၄။ အသုံးပြုသူတစ်ဦးက အခြားကွန်ပျူတာတစ်လုံးစီမှ Resourse များကိုလှမ်းယူလိုက်တိုင်း
အသုံးခံရသည့် တစ်နည်းအားဖြင့် ပံ့ပိုးပေးရသည့်ကွန်ပျူတာမှာ Performance ကျသွားခြင်း
၅။ အပြန်အလှန်ဖလှယ် နေခြင်းကြောင့် ဗဟိုထိန်းချုပ်မှုစနစ်မရှိခြင်း။
၆။ ကွန်ပျူတာ (၁၀) လုံးထက် ပို၍အသုံးပြုလျှင် မသင့်တော်ခြင်းတို့ကြောင့်ဖြစ်သည်။
Server Based Network ဆိုတာ
ကွန်ရက်တစ်ခုမှာ အသုံးပြုတဲ့သူတွေကိုလိုအပ်တာတွေပံ့ပိုးပေးဖို့သီးခြား Dedicated Server ထိုင်လိုက်ပြီဆိုရင်တော့ဒါဟာ Server Based Network ဖြစ်သွားပြီပေါ့ ။Server Based Network ဆိုတာကျွန်တော်တို့သိခဲ့ကြတဲ့ Client Server Nerwork ပါဘဲ။ဒီ Network တွေမှာဆိုရင် resources တွေပေးသုံးပေမယ့် ကျွန်ပျူတာ(Server) နှင့် resources တွေယူသုံးမယ့် ကွန်ပျူတာ(Client)ဆိုပြီး ကွဲပြားမှုရှိလာပါတယ်။တကယ့် Client /Server Network အစစ်တွေမှာဆိုရင် resource တွေကို server ကွန်ပျူတာထဲမှသာ ထားရှိပြီး၎င်းတို့ကိုClient ကွန်ပျူတာများမှ access လုပ်ရပါတယ်။ Client ကွန်ပျူတာအချင်းချင်း တိုက်ရိုက် Share ပေးလို့မရပါဘူး။Server ကိုကြားခံအဖြစ် အသုံးပြုရပါတယ်။ Network အတွင်း Login ဝင်ရောက်အသုံးပြုခွင့်ရရန် လိုအပ်တဲ့ username,password တို့နှင့် Login ဝင်ရောက်ပြီးတဲ့အခါ ဘယ် folder တွေကိုဖွင့်ကြည့်ခွင့်ရှိတယ် မရှိဘူးအစရှိတဲ့ access right တွေကို database ဆောက်ပြီး server ကွန်ပျူတာထဲမှာ သိမ်းဆည်းထားပါတယ်။ဒါကြောင့် Client/Server Network ထဲမှာရှိတဲ့ ကွန်ပျူတာများသည် ကိုယ်တိုင်စီမံပိုင်ခွင့် မရှိကြပါဘူး decision အားလုံးကို ဗဟိုကနေပြီးထိန်းချုပ်ပါတယ်။နောက်တစ်ခုက Sever Based Network တွေဟာ NOS ကိုလိုအပ်ပါတယ်။
၎င်း NOS ကို Server မှာ Install လုပ်ရမှာဖြစ်ပါတယ်။ အချုပ်ပြောရရင် Client Server Network မှာတော့ ကွန်ရက်ကြီးတစ်ခုလုံးကို စက်တလုံးက Network Operating System ကိုအသုံးပြုပြီး တော့ထိန်းချုပ်နေပါတယ်။အဲ့ဒီစက်ကတော့ Server ပဲဖြစ်ပါတယ်။
Server မှာဘဲ အသုံးပြုမယ့် User Accounts တွေ Passwords တွေ လုပ်ပိုင်ခွင့် Access Rights တွေကို Centralized အနေနဲ့သိမ်းထားတာကြောင့်ကွန်ရက်ကိုချုပ်ကိုင်ရတာလွယ်ကူပြီး Security တင်းကျပ်မှုရှိလှပါတယ်။ အဲ့ဒီလိုဖြစ်စဉ်ကို Microsoft Windows NT, Windows Server 2000 or2003 မှာ ၎င်းကို Domain Model လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ၎င်းကို Active Directory လို့ခေါ်ပါတယ်။ထပ်ပြီးရှင်းပြပါအုံးမယ်။ Sever Based Network တွေဟာ Single Logon ဖြစ်ပါတယ်။ဆိုလိုတာက အဲ့ဒီလူတစ်ယောက် ဟာဘယ်ကွန်ပျူတာ ထိုင်ထိုင်ဒီ Logon လေးတစ်ခုကိုဘဲအသုံးပြုပြီးဝင်လို့ရပါတယ်။ဆိုလိုတာက အဲ့ဒီ User တွေဟာ ကွန်ပျူတာအလုံး (၂၀) ရှိလို့ အဲ့ဒီကွန်ပျူတာတိုင်းမှာ ထိုင်သုံးလို့ Logon Nameအခု(၂၀) ရှိစရာမလိုပါဘူး Logon Name တစ်ခုတည်းနဲ့ပဲမည်သည့် စက်ကနေမဆို Access လုပ်လို့ရပါတယ်။ဒါဟာထိန်းချုပ်ရတာ အင်မတန်လွယ်ကူသွားတာပေါ့ ။ဒါကိုဘဲ Centralized ဗဟိုထိန်းချုပ်မှုစနစ် လို့ခေါ်တာပါ။ Peer Network ကျတော့ အဲ့ဒီလို မဟုတ်။အဲ့ဒီလူတစ်ယောက်ဟာ ကွန်ပျူတာအလုံး ၂၀ ရှိလို့ အဲ့ဒီအလုံးပေါက်စေ့တိုင်းမှာ ထိုင်သုံးတဲ့အခါမှာ Logon Name နဲ့ Password ကိုတစ်ခုမက အများကြီးသုံးလို့ရတယ်။
Sever Based Network ၏ကောင်းကျိုးများ
၁။ User Account, Security,Access Control စတာတွေဟာဗဟိုထိန်းချုပ်မှုဖြစ်တာတွေကြောင့် ကွန်ရက်ကိုအုပ်ချုပ်ရတာလွယ်ပါတယ်။
၂။ Server ကိုသက်သက်ထားပြီး တကယ့်ကိုစွမ်းအားမြင့် ပစ္စည်းတွေကို သုံးထားတာကြောင့် Network ရဲ့ Resources ကိုသုံးစွဲရာမှာ Efficient ဖြစ်စေပါတယ်။
၃။ Network မှာရှိတဲ့ Resources တွေကို သုံးစွဲတဲ့အခါမှာ Network ကိုLogon တစ်ခါဝင်ထားရုံနဲ့လုပ်နိုင်ပါတယ်။
၄။ အသုံးပြုမှုများသည်ဖြစ်စေ အရင်းအမြစ်များကို အသုံးချမှုများသည်ဖြစ်စေ Server Based Network က Handle လုပ်နိုင်ပါတယ
Sever Based Network ၏ အားနည်းချက်များ
၁။ အဆိုးရွားဆုံးကတော့ Sever Failure ဖြစ်သွားရင် Network ကြီးတစ်ခုလုံး အလုပ်လုပ်လို့မရအောင် ဖြစ်သွားတော့တာပါဘဲ။
၂။ ကုန်ကျစရိတ်တွေပိုများပါတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေလည်း ရှိဘို့လိုအပ်ပါတယ်။ဘာလို့လည်းဆိုတော့ Sever ကိုသီးသန့် ထားရခြင်း ၎င်းအတွက် NOS များတပ်ဆင်ရခြင်းတို့ကြောင့်ဖြစ်ပါတယ်။
Sever Based Network ကိုအကြောင်းပြုပြီး ပိုပြီးနားလည်သွားအောင် Domain Model နှင့် WorkGroup Model ကိုဆက်ပြီးရှင်းပါ့မယ်။
Workgroup Model -သူက Single Point မဟုတ်ဘူး။Windows NT ကွန်ပျူတာတစ်လုံးချင်းစီမှာ ကိုယ်ပိုင် Directory နဲ့ Database ရှိရမယ်အသုံးပြုသူဟာ Logon လုပ်လိုက်တာနဲ့ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာထဲ မှာဘဲ Database ကိုသွားစစ်ပြီးဝင်ခွင့်ပေးလိုက်ပါတယ်။ ဒီတော့
အဲ့ဒီ အသုံးပြုသူဟာ နောက်ကွန်ပျူတာတစ်လုံးကိုသွားပြီး အသုံးပြုတော့မယ်ဆိုရင် အဲ့ဒီအသုံးပြုသူရဲ့ Database တစ်နည်းအားဖြင့် Accounts ဟာ အဲ့ဒီစက်မှာလည်းရှိနေပါတယ်။ မရှိရင်သုံးလို့မရဘူး။ဒါကြောင့်မို့ Single Point မဟုတ်ဘူးလို့ပြောတာ။
Domain Model -လိုအပ်တဲ့ Directory Services Database ကို Domain Controller မှာ ဘုံထားပြီး အသုံးပြုသူတွေက Share လုပ်ပြီးသုံးပါတယ်။ဒါကြောင့်ဒါဟာ Single Adminstartion ပါဘဲ။
Server များ
Server ဆိုသည်မှာလည်းအသုံးချမှုအပေါ် မူတည်ပြီးအမျိုးမျိုး ရှိပါတယ်။ ဆိုလိုတာက Server တစ်လုံးထဲကိုလုပ်ငန်း
မျိုးစုံသုံးနေရင် မနိုင်မနင်းဖြစ်မှစိုးတဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းအပေါ်မူတည်ပြီး Server တွေလည်းကွဲပြားပါတယ်။
Domain Controller (Directory Server) အကြောင်း
၎င်း Server တွေမှာDirectory Services ဆိုတာရှိတယ်။သူကဘာလုပ်ပေးလည်းဆိုတော့ အသုံးပြုသူတွေကို Network မှာရှိတဲ့ Resources တွေကိုအသုံးချရာ၌ လုံခြုံစိတ်ချမှုရှိအောင် စိစစ်ပေးရ ခြင်း ၎င်းတို့နှင့်ပတ်သက်တဲ့ Infor-
Mation တွေကိုသိမ်းဆည်းပေးခြင်းစတာတွေကို လုပ်ဆောင်ရပါတယ်။အသုံးပြုသူတွေဟာ ကွန်ရက်အတွင်းမှာ ရှိတဲ့ဘယ်
Resources ကိုမဆိုသုံးနိုင်အောင် ကွန်ပျူတာတွေကို Logical နည်းအရ ပေါင်းစည်းထားပါတယ်။ အဲ့ဒါကို Domain လို့ခေါ်
ပါတယ်။ ဘယ် User မဆိုသက်ဆိုင်ရာ Domain အဖွဲ့ဝင်နိုင်ငံဖြစ်နိုင်ပြီး ၎င်း Domain အတွင်းရှိ Resources များနှင့် Information များကိုယူသုံးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအသုံးပြုသူဟာ Domain ကို Logging လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို Logging လုပ်ဘို့ Logon Services တွေကွန်ပျူတာနှင့် User တွေကို Domain ထဲမှာ စုစည်းပေးထားတဲ့ တနည်း
အားဖြင့် Handle လုပ်ပေးတဲ့ Server ကို Controller သို့မဟုတ် Directory Server လို့ခေါ်ပါတယ်။
File and Print Server အကြောင်း
File and Print Server ကတော့ အဓိကအားဖြင့် Network မှာ File တွေကိုသိမ်းပေးထားခြင်းပြန်ခေါ်ခြင်းစတဲ့ဝန်
ဆောင်မှုတွေ Network Printer တွေကိုအသုံးပြုမှုစတာတွေကို အဓိကထားပံ့ပိုးပေးရတာဖြစ်တယ်။၎င်းဟာအသုံးချမယ့်
Software တွေကိုအသုံးပြုသူဟာမိမိထိုင်နေတဲ့ စက်မှာပင်အသုံးပြုနိုင်ပါတယ်။ Datafile တွေကိုသိမ်းဆည်းတဲ့အခါကြတော့
File Server မှာသွားသိမ်းစေတာဖြစ်ပါတယ်။ ၎င်း File and Print Server တွေကို File Storage အတွက်လည်းအသုံးပြုနိုင်ပါ
တယ်။
Application Server အကြောင်း
Application Server ကျတော့ Client Server Application တွေကိုအသုံးပြုသူ Client တွေဘက်က အသုံးချလို့ရ
အောင် Server ဘက်ကပံ့ပိုးပေးတာဖြစ်တယ်။ အဲ့ဒီအပြင်သူက ဥပမာ Database Server ဆိုပါတော့-- လိုအပ်တဲ့ Data
တွေကို analysis လုပ်ခြင်းနှင့် ရှာဖွေမှုတွေဖြစ်တဲ့ Qurey Processing တွေကိုဘဲပံ့ပိုးပေးတာမဟုတ်ဘဲ အဲ့ဒီ Database
ကြီးရဲ့မြောက်များစွာလှစွာသော Data တွေကိုပါ သိုလှောင်သိမ်းဆည်းထားရာဌာနအဖြစ်လည်းလုပ်ဆောင်ပေးပါတယ်။
နောက်တစ်ခုက Application Server တွေဟာ File and Print Server တွေနဲ့မတူညီတဲ့အချက် ကသူဟာလုပ်ငန်းအတွက်
လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ကိုပံ့ပိုးပေးရုံသာမက Client တွေဘက်က Fiile and Print Server တွေကို
လည်းပံ့ပိုးတယ်။